Latest Post
-
တိတ်တခိုး ….
အချစ်ရှိရာ အရပ်နဲ့ လှမ်းလို့
ကျွန်တော့် သောကြာရထားလေး
လမ်းခုလတ်မှာ ဆွေးနေတယ်လွမ်းလွန်းလို့ရယ်လည်း မဟုတ်ပါဘူး
တခါတခါတော့
ကိုယ့်ကဗျာလေးတွေမှာ
ချစ်သူ့နာမည်ကို ပါစေချင်တယ်လေရင်ထဲက ကောင်မလေးရေ
ချစ်သူကို ချစ်တယ်လို့ ပြောဖို့
အိပ်မက်ထဲတောင် မရဲတဲ့ ကောင်လေး
ဓာတ်ပုံလေးပဲ ငေး နေမယ်ချီရွန် ( ပုလဲ )
-
အကြောင်းပြချက်
by maylaynge from the blog အထီးကျန်ရဲ့ဝေဒနာ -
ကျွန်မ နှင့် သူတို့နှစ်ယောက်
by maylaynge from the blog အထီးကျန်ရဲ့ဝေဒနာ -
ပြုံး….မုန်း….
by maylaynge from the blog အထီးကျန်ရဲ့ဝေဒနာ -
Perfection!
by maylaynge from the blog Tears from the soul -
E.v.e.r.y.t.i.m.e
by h3mlock from the blog Live Love n Laugh -
BigBag (English version)
by h3mlock from the blog Live Love n Laugh -
by harbhajan from the blog Lonely HEART
-
အပျင်းပြေ..
by Kitty Yang from the blog One in a million... -
ဘုရားစူးကဗျာ
by Ei Mon Soe from the blog tHaT's mY LiFe -
December Dream
by maylaynge from the blog Tears from the soul -
သတ်မှတ်ချက်
by thettwe from the blog My Place is Your Place -
Seeking for freedom!
by maylaynge from the blog Tears from the soul -
နံရိုးကြားကဆည်းဆာ
by thettwe from the blog My Place is Your Place -
နင်မရှိတဲ့အခါ
by maylaynge from the blog အထီးကျန်ရဲ့ဝေဒနာ -
အလွမ်း
by Khine Swe Zin Thin from the blog သက်တံ့ ရောင် ကြယ်စင် များ -
The Water
by Khine Swe Zin Thin from the blog သက်တံ့ ရောင် ကြယ်စင် များ
Groups
-
16 members
-
7 members
-
6 members
Who's Online
Villagers
-
registered 12 hours, 23 minutes ago
-
registered 5 days, 6 hours ago
-
registered 1 week ago
-
registered 1 week, 1 day ago
-
registered 1 week, 1 day ago
-
registered 1 week, 3 days ago
-
registered 1 week, 3 days ago
-
registered 1 week, 4 days ago
-
registered 1 week, 5 days ago
-
registered 2 weeks, 3 days ago
-
registered 2 weeks, 6 days ago
-
registered 3 weeks, 4 days ago
-
registered 4 weeks ago
-
registered 1 month ago
-
registered 1 month ago
-
registered 1 month ago
-
registered 1 month ago
-
registered 1 month ago
-
registered 1 month ago
-
registered 1 month ago
-
registered 1 month, 1 week ago
-
registered 1 month, 1 week ago
-
registered 1 month, 1 week ago
-
registered 1 month, 1 week ago
-
registered 1 month, 1 week ago
-
registered 1 month, 1 week ago
-
registered 1 month, 1 week ago
-
registered 1 month, 1 week ago
-
registered 1 month, 1 week ago
-
registered 1 month, 1 week ago
Hatch yourself. Be a Villager
PoemsCorner Recent Activity
-
h3mlock commented on the blog post သ၀န်တိုချက် 3 hours, 52 minutes ago
kwikwi

ကိုချီရွန်လို လိုက်ရေးကြည့်တာ.. ခိခိ -
h3mlock commented on the blog post WP Wall Guestbook 3 hours, 56 minutes ago
ltnp here ;D
-
h3mlock commented on the blog post ပြုံး....မုန်း.... 3 hours, 57 minutes ago
မိုက်တယ်.. sis
-
h3mlock commented on the blog post လူပျိုကြီး ဖီလင် 3 hours, 57 minutes ago
lol ကိုချီရွန်ကတော့ကွာ.. ကွိကွိ
ပိုင်သလားမေးနဲ့.. =P -
h3mlock commented on the blog post အပျင်းပြေ.. 4 hours, 1 minute ago
ဟိဟိ ခိုက်သွားပီဟုတ်.. ဟမ်းလော့လည်း ကြိုက်တာ.. ;P
ltns =D -
Chiron wrote a new blog post: တိတ်တခိုး …. 1 day ago
အချစ်ရှိရာ အရပ်နဲ့ လှမ်းလို့
ကျွန်တော့် သောကြာရထားလေး
လမ်းခုလတ်မှာ ဆွေးနေတယ်လွမ်းလွန်းလို့ရယ်လည်း မဟုတ်ပါဘူး
တခါတခါတော့
ကိုယ့်ကဗျာလေးတွေမှာ
ချစ်သူ့နာမည်ကို ပါစေချင်တယ်လေရင်ထဲက ကောင်မလေးရေ
ချစ်သူကို ချစ်တယ်လို့ ပြောဖို့
အိပ်မက်ထဲတောင် မရဲတဲ့ ကောင်လေး
ဓာတ်ပုံလေးပဲ ငေး နေမယ်ချီရွန် ( ပုလဲ )
-
Kitty Yang commented on the blog post အပျင်းပြေ.. 1 day, 2 hours ago
မမပီ.. ဟီးဟီး.. အင်း.. ၀တာတော့ ၀လာမယ်ထင်တယ်.. အဟိ… နောက်နှစ်ရက်ပြီးရင် မီးလည်း ဘီးစီးပါပြီ.. ဟီးဟီး..
သူကြီးနော်.. ဟွန့်.. သူနဲ့မတူလည်း လွတ်လွတ်လပ်လပ်ငန်းခွင့်ရှိပါတယ်.. အဟတ်..
ဟမ်ဟမ်.. အဟင့်.. ပြီးသွားပြီတော့.. အဟိ.. နောက်ဆုံးအပိုင်းက .. မင်းသမီးရေကူးကန်ထဲ ဆင်းသွားတဲ့ အခန်းလေ.. အရမ်းကြွေသွားတယ်.. ဟီးဟီး.. မင်းသားက မင်းသမီးကိုစိတ်ပူလို့ အော်တဲ့ပုံလေးကွ.. ကွိကွိ.. ဘာနဲ့မှမတူ.. can see the love that he has towards her. အဟတ်.. ခိုက်တယ်ဗျို့..
ဘတ်ဘတ်နော်.. မီးကိုမပြောင်ပါနဲ့.. ပြီးတော့လည်း မလှောင်ပါနဲ့.. အဟင့်.. တတ်မှတတ်ပဲကိုး.. ဟီး.. ထောက်ပြတဲ့အတွက် အားကြီးကျေးဇူးတင်ပါသည်… အဟတ်အဟတ်.. peace..
-
Nightbird commented on the blog post အပျင်းပြေ.. 1 day, 4 hours ago
တော်တော် ဆင်တယ်လို့ပြောပါကွာ ( ဆင်တူတဲ့ အဓိပ္ပာယ်ဆိုတော့) … ဘာတွေ စင်လို့လဲ ဂတုံးဆီက
-
Nightbird commented on the blog post အပျင်းပြေ.. 1 day, 4 hours ago
မီးမီးရဲ့ ဂတုံးလေးနဲ့ မင်းသားရဲ့ ဘေးနဲ့ဆိုတဲံ့ သဘောက ဂတုံးနဲ့ မင်းသားရဲ့ great grand grand father နဲ့ တူတယ်ဆိုတဲ့ သဘောပေါ့ … တော်တော် အိုမင်း နေတဲ့ အဓိပ္ပာယ်ပဲ သြော် အနစိတ် အနစိတ်
-
Chiron wrote a new blog post: “ ကွက်လပ်ထဲက နေ့ ” 1 day, 9 hours ago
“ ကွက်လပ်ထဲက နေ့ ”
ပုံမှန်အတိုင်း နိုးထတဲ့ မနက်
ကြက်ဖကြီးရဲ့ အော်သံမဲ့
ပဲပြုတ်သည်အော်သံ မကြား
ကျွန်တော် …
တခုခုတော့ မှားနေပြီတချိန်က ကျွန်တော်ပြုခဲ့ အမှန်တရား
အခုတော့ မှားနေတယ်
တချိန်က ကျွန်တော်ထင်တဲ့ အမှား
အခု မှန်နေပြန်ရော
ပြောကြပါ …
အမှန် အမှားဆိုတာ ဘာလဲအပြင်က ကျွန်တော့်ကို
မှန်ထဲက ကျွန်တော်က ခေါင်းခါပြတယ်
…. … …
ကျွန်တော် ခေါင်းညိမ့်မိသလား မသိဘူးအိပ်မက်တွေ မရှိတော့ .. …
အဖြေမထွက်မှ မှားတာ မဟုတ်ပါဘူး
မှားတဲ့ အဖြေတွေလည်း အများကြီးပါပန်းချီတချပ်ကို ခင်ဗျားတို့ ဆွဲပါ
ဘောင်ခတ်ထားလည်း ..
ကျွန်တော် လက်ခုပ်တီးမှာ ဖြစ်သလို
ဘောင်မခတ်ထားလည်း
ကျွန်တော် လက်ခုပ်တီးပေးဦးမှာပါပဲအမည်နာမတွေ မြေကြီးမှာချပြီး
ကျွန်တော်တို့ လမ်းလျှောက်ရအောင်
ပန်းတိုင်ရောက်ရောက် မရောက်ရောက်
အတူတွဲလျှောက်မယ်လို့ ခင်ဗျား ကတိပေးဖြည့်ခဲ့ရတဲ့ ကွက်လပ်တွေများတော့
ရှေ့ဆက် ဘာဖြည့်ရမှန်းတောင် မသိတော့ဘူး
ကျေးဇူးပြု၍
ဘဲလ်တီးလိုက်ပါဒဿနတွေကို ခင်ဗျားဖတ်ပါ
ပြီးရင် ဘောလ်ပင် တချောင်းယူ
အလိုတူတူ မတူတူ
အမှန်ခြစ် ပေးလိုက်ပါ
နောက်ဆုံးတော့ မှားတာက
ကိုယ်တိုင်ပဲ ဖြစ်နေလို့ချီရွန် ( [...]
-
thettwe commented on the blog post လူပျိုကြီး ဖီလင် 1 day, 14 hours ago
ကိုချီရွန်ကတစ်ကယ်တော့ စိတ်မနှံ့သူလေး မှသွားချစ်မိတာကိုး။ ဒါတောင် လူကြားကောင်းအောင် အသည်းကွဲပြလိုက်သေးတယ်။ တော်တော်လွန်တဲ့လူ ။
-
Chiron wrote a new blog post: လူပျိုကြီး ဖီလင် 1 day, 16 hours ago
လူပျိုကြီး ဖီလင်
ဟေး ကိုချီရွန် ၀ါကျွတ်တော့မယ်နော်
ကိုချီရွန်ကြီး ဘယ်တော့ စားရမှာလဲဗျ
ကိုချီရွန်ရေ အကို့ မင်္ဂလာဆောင်မှာ ပန်းကြဲဖို့ဆိုပြီး ၀ယ်ထားတဲ့ ၀တ်စုံတောင် သမီးနဲ့ မတော်တော့ဘူး
“ အခါတော် ပေး …တာက ”
တောက် … … … …. မကြားချင်ပါဘူးဆိုမှ ဒီ လော်စပီကာသံက နားထဲကို မီးတုတ်ရမ်းပြီး ၀င်လာသေးတယ်။ စကားတွေ သီချင်းတွေက ကိုချီရွန့် ရင်ထဲက ဒေါသကို အဆင်း ဘီးတပ်ပေးရုံမက ချောဆီပါ ထပ်ထည့်ပေးလိုက်သေး၏။ အဲဒီစကားတွေ သီချင်းသံတွေ ကြားရင် ကိုချီရွန် တယောက် လောကကြီးပဲ စိတ်နာသလိုလို၊ တေးရေးဆရာတွေကိုပဲ စိတ်နာသလိုလို၊ ဒီအရွယ်ထိ မိန်းမ ရှာမပေးတဲ့ မိဘတွေကိုပဲ အပြစ်တင်ချင် သလိုလိုနဲ့ ဘယ်လို [...]
-
Chiron wrote a new blog post: hemlock (ပုံပြင်) - ၂ 1 day, 17 hours ago
ဒီလိုနဲ့ တနေ့မှာ ဥယျာဉ်မှုးကြီးဟာ သူ့ရဲ့ ဆန္ဒတွေကို ချိုးနှိမ်ထားရတာကို အားမလိုအားမရ ဖြစ်လာတယ်။ ပန်းလေးကိုလည်း သူ အရမ်း လိုချင်တယ်။ သူဟာ ပင်ပန်းလှပါပြီ။ သူ ကိုယ်တိုင် တယုတယ စိုက်ပျိုးထားတဲ့ နတ်သမီး ပန်းပင်လေးကို ဘယ်လိုလူမျိုးကိုမှလည်း သူ မပေးနိုင်ဘူး။ အဲဒီ ပန်းပွင့်လေးကို သူသာ ပိုင်ဆိုင်လိုတဲ့ အတ္တတွေဟာလည်း ထိန်းမနိုင် သိမ်းမရ ဖြစ်လာတယ်။ ဒါနဲ့ပဲ သူဟာ နောက်ဆုံးမှာ ပန်းပွင့်လေးကို ခူးဖို့ ဆုံးဖြတ်လိုက်တော့တယ်။ ဥယျာဉ်မှုးကြီးဟာ နတ်သမီး ပန်းပွင့်လေးနားကို တဖြည်းဖြည်း တိုးကပ်လိုက်တယ်။ သူဟာ ၀ိဥာဉ် နှုတ်ခံထားရတဲ့ အသိမဲ့ လူတစ်ယောက်လို ပန်းပွင့်လေးနားကို ကပ်လာတယ်။ ကမ္ဘာလောကကြီး တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွား ၊ သူ့ရင်ခုန်သံသာ စည်းချက်မမှန်စွာ [...]
-
thettwe commented on the blog post အကြောင်းပြချက် 2 days, 14 hours ago
အင်း .. မစဉ်းစားမိဖူးတာလေးတွေကို စဉ်းစားပြီးရေးထားတဲ့အတွက် ကျေးဇူးဗျာ။ ကြိုက်၏
-
Nightbird commented on the blog post ပြုံး....မုန်း.... 2 days, 21 hours ago
အရမ်းကြိုက်ပါတယ် ခင်ဗျာ … အားပေးလျှက်ပါ
-
maylaynge wrote a new blog post: အကြောင်းပြချက် 3 days ago
လူတွေမှာ ဘာလို့ မျက်လုံး နှစ်လုံးပါနေလဲသိလား…
တစ်ဖက်ထဲနဲ့ ကြည့်ရင် အမြင်မှားတတ်လို့ လေ. (မယုံကြည့်ကြည့်ပါလား….တူကိုမတူတာ)
အဲဒါကြောင့်…တစ်စုံတစ်ယောက်၊ တစ်စုံတစ်ရာကိုကြည့်မယ်ဆိုရင်…ဘယ်တော့မှ တစ်ခါထဲနဲ့ မဆုံးဖြတ်ပါနဲ့
အနည်းဆုံး နှစ်ခါပြန်ကြည့်ပြီးမှ ကောက်ချက်ချက်တာ ပိုမှန်ပါလိမ့်မယ်။
လူတွေနဲ့ နှာခေါင်းက ဘာလို့ မျက်နှာပေါ်မှာ ချွန်ထွက်ပြီး ရှည်ရှည်လေးဖြစ်နေလဲသိလား…
လေကောင်းလေသန့် ကို သူအရင်ဆုံးရအောင်လို့ ပေါ့…
ပြီးတော့ နှာခေါင်းလမ်းကြောင်းတစ်လျှောက် အဆင့်ဆင့် စစ်ပြီးမှ အဆုတ်ထဲရောက်တာ…
အဲဒါကြောင့် တမင်တကာကြီး မကောင်းတဲ့အရာတွေကို ရှုမထည့်ကြပါနဲ့ ( ဆေးလိပ် နဲ့ အခြားတော့ အဆိပ်တောက်ဖြစ်စေတဲ့အရာတွေ)
လူတွေရဲ့ ပါးစပ်မှာ ဘာလို့ နှုတ်ခမ်းပါနေလဲသိလား…
ထွက်သွားတဲ့ လေကို ထိန်းဖို့ ပေါ့….
အဲဒါကြောင့်…ပြောတဲ့ စကားတိုင်းကိုလဲ…အထိန်းအကွတ်ရှိလို့ လိုပါတယ်…
လူတွေရဲ့ နားရွက်က…ဘာလို့ ပြားပြားထောင်ထောင်ကြီး နဲ့ နှစ်ဖက်ရှိနေလဲသိလား…
များများ နားထောင်နိုင်အောင်လို့ ပေါ့…နောက်ပြီး နှစ်ဖက်ကြားအောင်…
အဲဒါကြောင့်….ကိုယ်နားထောင်ချင်တဲ့စကားပဲ နားထောင်တာမျိုး မလုပ်သင့်ပါဘူး…
နောက်ပြီး ဘယ်တော့မှ တစ်ဖက်ထဲကစကားကို နားမယောင်သင့်ဘူးပါဘူးနော်..
နောက်ပြီး နားရွက်က [...]
-
maylaynge wrote a new blog post: ကျွန်မ နှင့် သူတို့နှစ်ယောက် 3 days ago
ကျွန်မ ဘ၀မှာ…ရင်းနှီးခဲ့ဖူးတဲ့ ယောက်ျားနှစ်ယောက် ရှိခဲ့ဖူးတယ်…
တစ်သက်လုံး မေ့လို့ မရမယ့်လူနှစ်ယောက်ပေါ့…
သူတို့ နှစ်ယောက်မှာ…တူတာတွေရှိတယ်…
နှစ်ယောက်လုံးက ကျွန်မကို ချစ်ပါတယ်လို့ ပြောခဲ့ဖူးတယ်…
နှစ်ယောက်လုံးက ကျွန်မ ကို ကလေး လို့ ခေါ်ကြတယ်….
နှစ်ယောက်လုံးက ကျွန်မ ကို ညာကြတယ်..
နောက်ဆုံး…နှစ်ယောက်လုံးက ကျွန်မ ကိုထားသွားကြပါတယ်…
လူတော်တော်များများကလေးဘ၀က…ပင်လယ်ကမ်းစပ်မှာဖြစ်ဖြစ်…သဲပုံပေါ်မှာဖြစ်ဖြစ်…သဲနဲ့ အိမ်ဆောက်ဖူးကြပါတယ်
ခဏတာပဲဆိုတာသိတယ်….မကြာခင်ပျက်မယ်ဆိုတာသိတယ်…
ဒါပေမယ့် ကိုယ့်သဲအိမ်လေးကို ကြည့်ပြီးကြည်နူးရတဲ့ခံစားမှုကို…ဆောက်ဖူးတဲ့သူတွေသိပါလိမ့်မယ်
ပထမ ယောက်ျားက အချစ်ဦးဆိုလဲ မမှားပါဘူး….
ကျွန်မအတွက်တော့ သဲအိမ်လေးပေါ့…အချိန်တန်ရင် ပျောက်ပျက်သွားမယ့်အရာတစ်ခုမှန်းသိခဲ့ပေမယ့်…
သူနဲ့ အတူရှိနေရတဲ့အချိန်လေးတွေအတွက်ကြည်နူးမှုက…ဘာနဲ့ မှနှိုင်းပြလို့ မရပါဘူး…
စိတ်ကစားတယ်ပဲပြောပြော…ဆယ်ကျော်သက်အချစ်ပဲပြောပြော…အရမ်းကိုပျော်ရွှင်ခဲ့တယ်…
သူထားသွားမယ့်အချိန်ရောက်တော့….မျှော်လင့်ထား ကြိုသိထားတဲ့အရာတစ်ခုပေမယ့်….ကျွန်မနာကျင်ခဲ့ရပါတယ်…
နောက်တစ်ယောက်ကတော့….စနစ်တကျ တည်ဆောက်ထားတဲ့ မိုးမျှော်တိုက်ကြီးနဲ့ တူတယ်…
မိုးမျှော်တိုက်ကြီးတစ်တိုက် တည်ဆောက်ဖို့ အချိန်တွေ လူတွေငွေတွေ အများကြီးရင်းရပါတယ်…
ဆောက်တဲ့သူကလဲ….ထာဝရမဟုတ်ရင်တောင်…နှစ်ပေါင်းတော်တော်ကြာ တည်မြဲဖို့ မျှော်လင့်ကြမှာပါပဲ..
ဒုတိယ တစ်ယောက်အတွက်…ကျွန်မ အများကြီးရင်းခဲ့ရတယ်….အချိန်၊ စိတ်၊ မာန အများကြီးပါပဲ…
တစ်ဘ၀စာလို့ တွေးပြီး အများကြီး မျှော်လင့်ခဲ့တယ်…
ဒါပေမယ့်….ဦးတည်ပျံသန်းလာတဲ့ လေယဉ်ပျံတစ်စင်းကို ကျွန်မ သတိမထားလိုက်မိဘူး…
ကျွန်မ တည်ဆောက်ထားတဲ့ မိုးမျှော်တိုက်ကြီး ပြိုကျသွားတဲ့အချိန်မှာ…
ခံစားရတဲ့ [...]
- Harry and maylaynge are now friends 3 days, 3 hours ago
-
maylaynge wrote a new blog post: ပြုံး....မုန်း.... 3 days, 4 hours ago
မျက်မပြေ ပျက်ကြွေကာဆုံး
သက်ဝေရယ် ခက်ထွေရှုံးအောင်
ပြုံးရက်လေဦး။
ရတက်ဗျာပွေ ပျက်ကြေနှလုံး
ခက်ချေပြီ ရက်တွေပုန်းရင်
စက်ရာကြေ မျက်ရည်ရှုံးတယ်
ဖုန်းခက်အမုန်း။
-
maylaynge wrote a new blog post: Perfection! 3 days, 5 hours ago
Like a farest star in the space,
mysterious deep secrets lies,
without a clue to follow a trace,
in your dark brown eyes.
………
Like a breeze of fresh first Spring,
which awakes the beauties of ground,
sweetness, dreams and joy you bring,
with your charming sound.
……….
Under the sky of gorgeous blue,
flying the colorful butterflies
all my dreams coming true
under your shining smiles.
