မပြောင်းလဲနိုင်သော………….
ချစ်သူ!!!
မတွေ့ရတာကြာပြီဖြစ်တဲ့
မဲနက်မှောင်မျက်ခုံးတန်းကြား
အပြုံးတုတွေနဲ့ပျော်လို့..ဝေလို့
နှင်းဆီလွှာ..နှုတ်ခမ်းတစုံကြား
မုသားတွေလှိုင်…….
စကားလုံးတွေ..ရိတတ်လာလိုက်တာ
ဘယ်လိုမိန်းခလေးများ……သင်ပေးနိုင်စွမ်းခဲ့ပါလိမ့်။
အရင်တချိန်က…ဘီယာတခွက်နဲ့
နင်မူးတတ်ခဲ့ပေမယ့်
အခုတော့လည်း……..
ဘယ်လောက်ဝင်ဝင်….ထောင်ချောက်ဆင်ခံတွင်းလို
အရည်ခါးခါးတွေ..နှစ်ခြိုက်တတ်နေပြီ
ဒါ……တရားခံဘယ်သူပါလိမ့်။
ချစ်သူရေ…..
ဘယ်ကဗျာ…ဘယ်စာရေးရေး
နင်မပါ..ပွဲမသိမ်းတတ်တဲ့
ရင်တွင်းဖြစ်ကတော့….ခုချိန်ထိ
စစ်..ပြေမငြိမ်းသေးပါဘူး။
လောကဓံကြောင့်ဖြစ်ဖြစ်
မောဟဒဏ်ကြောင့်ဖြစ်ဖြစ်
အဖြူရောင်သာ…..စွဲလမ်းတတ်တဲ့နင်
ရောင်စုံမီးရောင်တွေကြား
ကောင်းသော…အပြောင်းအလဲတွေသာ
ဖန်ဆင်းပါ။
မဆိုင်သလို..မပိုင်တော့ပေမယ့်
အနိုင်ယူကာ..ရှုံးနိမ့်စေလိုတဲ့
သဘောထားမျိုး….
အရင်ကရော…အခုနဲ့နောင်အချိန်တွေထိ
ငါ့ရင်မှာ..မဖြစ်တည်နိုင်တာ
နင်….ယုံကြည်ကောင်းပါရဲ့။
အသစ်အသစ်သော…..အချစ်ရင်ခွင်တွေကြား
အကြိမ်ကြိမ်..နင်ပျော်ဝင်ခဲ့လည်း
ထာဝရအိမ်လေးသာ…ယူမှတ်
ငါချစ်တဲ့နင့်ကို..
အပြစ်မမြင်…အသစ်မထွင်ခဲ့ပါဘူး။
မဖြစ်နိုင်တာထက်…..မဖြစ်သင့်တော့တဲ့
ဇာတ်ဟောင်းတွဲလက်တို့
ခိုင်မြဲစေဖို့
အိပ်မက်..အဖြစ်မျှထည့်မမက်တတ်အောင်
ငါ..ရင့်ကျက်နေပြီမို့
ထွေးပွေ့ကာအနွေးဓာတ်မပေးဖြစ်တော့ပေမယ့်
အရောင်စုံစုံ……ကာလာချယ်မျက်ဝန်းတွေနဲ့
နီယွန်မီးရောင်တွေကြား
နင်…ရုန်းထွက်လို့..အဆုံးသတ်နိုင်ပါစေလို့
ထာဝရအတွက်..ငါ…
ဆုတောင်းမပြတ်ပါဘူး……
ဒါ…..ဒီတဘ၀စာ
နင်..ပြန်မသိနိုင်တော့တဲ့
တဖက်သတ်…ခိုင်မြဲနေမယ့်…ငါ့ကတိပေါ့။
Comment #6
…ဟုတ်ကိုလွမ်းနောင် ..ကျေးဇူးအများကြီးတင်ပါတယ်နော်
Comment #8
မဆိုင်သလို..မပိုင်တော့ပေမယ့်
အနိုင်ယူကာ..ရှုံးနိမ့်စေလိုတဲ့
သဘောထားမျိုး….
အရင်ကရော…အခုနဲ့နောင်အချိန်တွေထိ
ငါ့ရင်မှာ..မဖြစ်တည်နိုင်တာ
နင်….ယုံကြည်ကောင်းပါရဲ့။
မဖြစ်နိုင်တာထက်…..မဖြစ်သင့်တော့တဲ့
ဇာတ်ဟောင်းတွဲလက်တို့
ခိုင်မြဲစေဖို့
အိပ်မက်..အဖြစ်မျှထည့်မမက်တတ်အောင်
ငါ..ရင့်ကျက်နေပြီမို့ ,,,,,,,, ကြိုက်တယ် ,,, စကားလုံးတွေကအရမ်းမိုက်တယ် ,,,,
Comment #9
🙂
Comment #12
ကျေးဇူးတင်ပါတယ်…ကျေးဇူးတင်နောက်ကျလို့လည်း…ခွင့်လွှတ်ပါဦးလို့
Comment #1
မဖြစ်နိုင်တာထက်…..မဖြစ်သင့်တော့တဲ့
ဇာတ်ဟောင်းတွဲလက်တို့
ခိုင်မြဲစေဖို့
အိပ်မက်..အဖြစ်မျှထည့်မမက်တတ်အောင်
ငါ..ရင့်ကျက်နေပြီမို့
ထွေးပွေ့ကာအနွေးဓာတ်မပေးဖြစ်တော့ပေမယ့်
အရောင်စုံစုံ……ကာလာချယ်မျက်ဝန်းတွေနဲ့
နီယွန်မီးရောင်တွေကြား
နင်…ရုန်းထွက်လို့..အဆုံးသတ်နိုင်ပါစေလို့
ထာဝရအတွက်..ငါ…
ဆုတောင်းမပြတ်ပါဘူး……
ဒါ…..ဒီတဘ၀စာ
နင်..ပြန်မသိနိုင်တော့တဲ့
တဖက်သတ်…ခိုင်မြဲနေမယ့်…ငါ့ကတိပေါ့။
ငါတကယ်ဆုတောင်းပေးနေပါတယ်…. မြင့်မိုရ်