“ ခင်ဗျား … ဖတ်ဖို့ ” ( လူမော်ငြိမ်း )
ဘယ်ဟာက အမှန်
ပြီးတော့ ဘယ်ဟာက အမှား ။
လောကနီတိဆိုတာ …
တုတ်တစ်လှည့် ၊ ဓားတစ်လှည့် သုံးရတဲ့
စေတနာ မဟုတ်ပါဘူး ။
ခင်ဗျား ရေးခဲ့တဲ့ ဒိုင်ယာရီမှာ
ကြက်ခြေခတ်တွေ … ရှိခဲ့ဖူးသလို
ခင်ဗျား သုံးခဲ့တဲ့ ခဲတံမှာလည်း
ခဲဖျက် … ပါခဲ့ဖူးတာပဲ ။
လူတစ်ယောက်ရဲ့ အနာဂါတ်ကို
လမ်းပြမယ်ဆိုရင်
ကိုယ့်ရဲ့ အတိတ်ကို
ဘယ်တော့မှ အမှောင်မချရဘူး ။
ဘဝ ဆိုတဲ့ စာမေးပွဲမှာ
အသိနဲ့ သတိရှိရင်
လူတွေအားလုံး မှားလို့ရတယ် ။
ဘာတွေများ မျှော်လင့်နေကြတာလဲ ။
လူမော်ငြိမ်း
Friday , February 25 , 2011
Comment #3
ကျနော်တခြားရွာ ခဏ အလည်သွားနေလို့ ပါ ။
ကိုလူမော်ငြိမ်းရဲ့ ကဗျာတွေကို အားပေးနေတဲ့
Dan
Comment #4
ကိုလူမော်ငြိမ်း၇ဲ့ ကဗျာတွေ စာအုပ်လေးထုတ်ပြီး သိမ်းထား၇ကောင်းမယ်
စာအုပ်ထုတ်တာရှိ၇င် တော့ အကြောင်းကြားပေးပါနော်
သိမ်းထားချင်လို့ ပါ
တန်ဖိုးရှိ လို့ ပါ။
မင်္ဂလာပါ ကိုလူမော်ငြိမ်းေ၇။
Comment #6
အရမ်းကောင်းတဲ့ ကဗျာလေးကိုကျမလဲဖတ်သွားတယ်.. ဖြစ်နိုင်ရင်အောက်ဆုံးက comment လေးကိုတောင် like လုပ်ချင်သေးတယ်… အားပေးနေပါတယ်..။ Like … 🙂
Comment #8
ကြက်ခြေခတ်တွေ တန်ဖိုး နားလည်တဲ့အထိ ဆက်မှားခွင့်ရှိတယ် …
Comment #9
super like,
😛
Comment #1
လူတစ်ယောက်ရဲ့ အနာဂါတ်ကို
လမ်းပြမယ်ဆိုရင်
ကိုယ့်ရဲ့ အတိတ်ကို
ဘယ်တော့မှ အမှောင်မချရဘူး ။
ဒီလောက်ကောင်းတဲ့ ကဗျာကို ဘာလို့ ဘယ်သူမှ comment မပေးကြတာလဲ . . .