တွင်းနက်(မင်းလူန)
မိုးလင်းလင်းချင်မှောင်ခဲ့ တဲ့ 
မနက်တွေမှာ
ဘယ်အရောင်ကိုစပြီးခြယ်လိုက်ပြီးပြီလဲ
သမင်မွေးပြီး
ကျားစားတဲ့ ပါးစပ်ထဲမှာ
ခံတွင်းနံ့ သင်းသင်းရှိစရာလားကွယ်
ငွေ………………
ချွေးတစ်စက်ရဲ့ လောက၀တ်ကို
အပြန်အလှန်လေးစားနေလေယောင်
လိုအပ်ခြင်းမြစ်တစ်စင်းရဲ့ အနားသက်လို
ခဏခဏ
ကမ်းပြိုနေသမျှ
မိုးလင်းချင်းမှောင်တဲ့ မနက်တွေနဲ့ သာ
မျက်နှာသစ်ဖြစ်ခဲ့ …………
မင်းလူန
Comment #2
မိုက်တယ်….အားပေးသွားတယ်.။
By: အသဲကွဲမိုး at Mar 10, 2011
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
မိုးလင်းလင်းချင်မှောင်ခဲ့ တဲ့ 
မနက်တွေမှာ
ဘယ်အရောင်ကိုစပြီးခြယ်လိုက်ပြီးပြီလဲ
သမင်မွေးပြီး
ကျားစားတဲ့ ပါးစပ်ထဲမှာ
ခံတွင်းနံ့ သင်းသင်းရှိစရာလားကွယ်
ငွေ………………
ချွေးတစ်စက်ရဲ့ လောက၀တ်ကို
အပြန်အလှန်လေးစားနေလေယောင်
လိုအပ်ခြင်းမြစ်တစ်စင်းရဲ့ အနားသက်လို
ခဏခဏ
ကမ်းပြိုနေသမျှ
မိုးလင်းချင်းမှောင်တဲ့ မနက်တွေနဲ့ သာ
မျက်နှာသစ်ဖြစ်ခဲ့ …………