ခ က် ဆ စ် ……..(terry)
မလဲကျခင်ကတည်းက
လှဲချဖို့ အကြောင်းစဉ်းစား
ဒါဆိုမှ လူပီသမယ်…။
ဒဏ်ရာနက်ရင်
သွေးတိတ်ခက်တယ်..။
အချိန်ကြာရင်
နာကျင်ခြင်းအတွက်
ဝေဒနာကိုယ်တိုင်က
ဖြည်ဆေးဖြစ်လာလိမ့်မယ်။
တစ်ခါတစ်လေတော့လည်း
ဘ၀ဟာယန္တရားဆန်တယ်…
လည်ပတ်ဖို့ သက်သက်
အချိန်ကိုက်ဗုံးလိုစည်းချက်နဲ့ 
ဝတ္တရားဆန်ဆန်လောက်တော့ပြုံးတတ်ရမယ်….။
ယုံကြည်ချင်မှလည်း ယုံပါ။
ငါ့ အတိသယ၀ုတ္တိအလင်္ကာမှာ
မုသာဝါဒ များတယ်……။
terry(9.3.2011)
Comment #3
ငါ့ အတိသယ၀ုတ္တိအလင်္ကာမှာ
မုသာဝါဒ များတယ်……။
ဒီစာသားကိုကြိုက်ပါတယ်။ကြိုးစားပါ အားပေးနေမယ်။
By: kyawtint at Mar 10, 2011
Comment #4
လက်စွမ်းတွေဇာတ်ရှိန်တက်လာပြီ
ဂွတ်………………
ညီရေ
By: မင်းလူန at Mar 10, 2011
Comment #5
အချိန်ကြာရင်
နာကျင်ခြင်းအတွက်
ဝေဒနာကိုယ်တိုင်က
ဖြည်ဆေးဖြစ်လာလိမ့်မယ်။
တူလိုက်တာ ဗျာ . . . ။
By: nanpyisoke at Mar 11, 2011
Comment #6
ကောင်းလိုက်တာအားပေးသွားတယ်နော်
By: sawmyawadi at Mar 11, 2011
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
တယ်ရီ..ရေ..ကြိုက်နှစ်သက်သွားပါကြောင်း……အမြဲအားပေးနေတယ်။