Professional Authors

နှစ်ပါးဘ၀ စွမ်းရည်တည်း

စွမ်းရည်ပြင်းထန် ဥပါဒါန်ဖြင့်  
ခန္ဓာဓမ္မ ကိုယ်ကာယ၌
အတ္တအစွဲ မြဲ ကြီးမြဲ၍  
ရဲရဲရက်ရက် ကိုယ့် အတွက်ကြောင့် 
သတ်သတ်ခိုးမှု့  စသည်ပြုလျှက်
အကုသလ ကမ္မဆယ်တန် အပြစ်လျှံ၏
တစ်ဖန်နောက်နှောင်း ငါလျှင်ကောင်းစိမ့် 
အကြောင်းရည်ရော်   အရှည်မျှော်လျှက်
သူတော်ဓလေ့ ရသေ့ရဟန်း လှူဒါန်းဝေငှ
ပဉ္စဂ်နှင့် အဋ္ဌအဂ်ီ ဒဿဂ်ီတည့် 
လေးလီဗြဟ္မာ ၀ိဟာရဈာန်
ဆယ်တန်ကသိုဏ်း
အလှိုင်းများစွာ ဘာဝနာဟု
ဆယ်ဖြာပုည ကုသလကို
လုံ့ လကြိုးစားကောင်းမှု့ ပွါး၏
နှစ်ပါးကုသိုလ် အကုသိုလ်ဟု
ထိုထိုဘ၀ ဖြစ်သမျှ၌
ဗီဇပြည့် ဖြိုးအမျိုးမျိုးကြောင့် 
အကျိုးတရားအရှည်ပွါးသည်
နှစ်ပါးဘ၀ စွမ်းရည်တည်း

                                    (လယ်တီ ဆရာတော်ဘုရားကြီး)

ခံစားပူဇော်ခြင်းဖြစ်ပါသည်

In: Others,Others Posted By: Date: Mar 19, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment