ငါ့ရန်သူတွေဟာ ငါ့ချစ်သူတွေပဲ
ငါ့ရန်သူတွေဟာ ငါ့ချစ်သူတွေပဲ
သူတို့ဟာ ငါ့အကြောင်း ခေါင်းထဲထည့်ထားကြ
သူတို့ဟာ ငါ့လမ်းကြောင်းမှာ ဓားသွေးကျောက်ကောင်းတွေအဖြစ် ကန့်လန့်ခံနေကြ
သူတို့ဟာ ငါ့အလောင်းတွက် အခေါင်းစပ်နေကြ
ငါ့ရန်သူတွေဟာ ငါ့ချစ်သူတွေပဲ
ငါ ကြေကွဲပြလိုက်တဲ့အခါ
သူတို့ အောင်ပွဲတွေ ကျင်းပနေကြ
ငါ ပျော်မြူးပြလိုက်တဲ့အခါ
သူတို့ ကမူးရှုးတိုး ဖြစ်သွားကြ
ငါ ဟိန်းဟောက်လိုက်တဲ့အခါ
သူတို့ စိတ်ကောက်သွားကြ
ငါ့ရန်သူတွေဟာ ငါ့ချစ်သူတွေပဲ
ငါ့အထုတ်ပတ္တိမှာ မရှိမဖြစ် ပုဂ္ဂိုလ်တွေပဲ
သူတို့ဟာ နလပိန်းတုံးတွေ မဟုတ်ဘူး
သူတို့ဟာ ယုတ်မာတဲ့မိတ်ဆွေတွေ မဟုတ်ဘူး
သူတို့ဟာ နောက်ကျောဓားနဲ့ထိုးတဲ့သူတွေ မဟုတ်ဘူး
သူတို့ဟာ ငါ့ချစ်သူတွေပဲ။
Comment #4
mike de.
right

Comment #5
မှတ်သားလောက်ပါ့ ဗျာ thanks

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ကိုတာကော…
မိုက်တယ်ဗျာ…