…..အိပ်မက်ပျောက်သူ….
အဲဒါ ကျွန်တော်ပေါ့ဗျာ
ဇာတ်သိမ်းသွားတာတောင်
မရှုမလှနဲ့ အစလို့ထင်ပြီး…..
မျှော်လင့်ပုံဖော်နေတာ
သူ…
……
……………..….မသိပါဘူး။
ကျွန်တော်နဲ့ ပတ်သက်ရင်
သူဆိုတာ ဥပေက္ခာ တွေ မြန်းလို့ ….
အလွမ်းတွေ ကာထားတတ်တဲ့သူ.
ဟိုဘက်ကနေ ဒီဘက်အလှည့်
မျက်စိတမှိတ်စာ မဟုတ်ပေမယ့် ……..
လျှပ်တပြက်ပါ
ဒါပေမယ့်….
. သူ ………………….
…….ပြောင်း….လဲ…..သွားခဲ့တယ်။
မယုံနိုင်သေးတဲ့အကြောင်း… .
ညညမအိပ်ပဲမျှော်နေတတ်တဲ့
ကျွန်တော့ ဖုန်းအသေလေး နဲ့
မျက်တွင်းနက်နက်ကလေးက .
သက်သေပြ……..
သူ့နှလုံးသားကို စွဲဆောင်နိုင်ခဲ့ကောင်းရဲ့။
တွေးလို့လည်းမရ
မေးဖို့လည်းမတတ်နိုင်ဘူး..
သူနဲ့ ပတ်သက်ရင် ကျွန်တော် က
အနာတရတောင် သဘာဝလို
ထွေးပိုက်နေတတ်ခဲ့ပြီလေ။
နောက်ပြန်လှည့်တယ်ဆိုတာ…
သူ့ကို မတွေ့ခဲရင်တော့
ဖြစ်နိုင်ပါရဲ့…..
ခုတော့…..အခုတော့
အမှောင်အတိပြီးတဲ့
ကျွန်တော့ အလင်းမဲ့ဘ၀ထဲ
သူ့အပြုံး တို့နဲ့
တဖျတ် နှစ် ဖျတ် လင်းပေးခဲ့ပြီးကာမှ
……………………………………………
……… …………………
သူ ..ပျောက်သွားတဲ့ .
.ညရယ်သံတွေနောက်
ကျွန်တော်…အရောက်မလာနိုင်တော့အောင်………
တိတ်ဆိတ်ညင်သာစွာ…………..
အလွမ်းတို့…………ထုတ်ပိုးပေးခဲ့လို့…………….
တလှမ်းချင်း…တရွေ့ချင်း……..
တနေ့ချင်း တညချင်း………….
သူ့ကမ်းလင့်လက်တို့
ကိုယ်ယောင်ပျောက်နေသလား
တွေး……
ရူး…ရင်းးးး မူးးးးရင်းးးးးးးးးး
ကျွန်တော် ဆိုတာ…သူ့ပုံပြင်ထဲမှာ
500 တန်လို စွန့်ပြစ်ခံရခြင်းတို့နဲ့
………………
အလွမ်းလို့အမည်တပ်ကာ
ကျန်ရစ်နေခဲ့ရတယ်……………
တတ်လည်းတတ်နိုင်စွမ်းပါရဲ့
ကျွန်တော့….မှော်ဆရာရယ်….
……….. …….
ခင်ဗျားလေး…..ပျော်ရွှင်ပါစေဗျာ။…
…. (ကျွန်တော်…..ပျော်ခဲ့ရပါတယ်…..)
(ခေါင်းစဉ်လွဲနေခဲ့ရင် ခွင့်လွှတ်ပါ)
Comment #3
အလွမ်းတို့…………ထုတ်ပိုးပေးခဲ့လို့…………….
တလှမ်းချင်း…တရွေ့ချင်း……..
တနေ့ချင်း တညချင်း………….
သူ့ကမ်းလင့်လက်တို့
ကိုယ်ယောင်ပျောက်နေသလား
တွေး……
ရူး…ရင်းးးး မူးးးးရင်းးးးးးးးးး
အားပေးသွားပါတယ် မမိုး

Comment #4
ကဗျာကောင်းတယ်ဆိုတာထက်ပိုနေလို့….ချီးမွမ်းဖို့ခေါင်းစဉ်ပျောက်နေတယ်..။
ကျွန်တော့်အထင်တော့
တစ်ခါတလေ..အကြောင်းပြချက်မပေးခဲ့ဘူးဆိုတာ…သိခဲ့ရင်ပိုခံစားရမှာစိုးလို့
ထင်တယ်…ကျွန်တော့်အထင်ပြောတာပါ…။ကဗျာလေးတကယ်ကိုခံစားရပါတယ်ဗျာ…။
ဘာပဲဖြစ်ဖြစ်အမြဲတန်းအားပေးလျက်ပါ…ဗျာ။

Comment #9
အရမ်းမိုက်တယ်။
စာကြောင်းတိုင်းကို ကြိုက်တယ်။

Comment #10
So much so much touching.

Comment #1
ကျွန်တော်နဲ့ ပတ်သက်ရင်
သူဆိုတာ ဥပေက္ခာ တွေ မြန်းလို့ ….
အလွမ်းတွေ ကာထားတတ်တဲ့သူ.
ဟိုဘက်ကနေ ဒီဘက်အလှည့်
မျက်စိတမှိတ်စာ မဟုတ်ပေမယ့် ……..
လျှပ်တပြက်ပါ
ဒါပေမယ့်….
. သူ ………………….
…….ပြောင်း….လဲ…..သွားခဲ့တယ်။
မယုံနိုင်သေးတဲ့အကြောင်း… .
ညညမအိပ်ပဲမျှော်နေတတ်တဲ့
ကျွန်တော့ ဖုန်းအသေလေး နဲ့
မျက်တွင်းနက်နက်ကလေးက .
သက်သေပြ……..
သူ့နှလုံးသားကို စွဲဆောင်နိုင်ခဲ့ကောင်းရဲ့။
တွေးလို့လည်းမရ
မေးဖို့လည်းမတတ်နိုင်ဘူး..
သူနဲ့ ပတ်သက်ရင် ကျွန်တော် က
အနာတရတောင် သဘာဝလို
ထွေးပိုက်နေတတ်ခဲ့ပြီလေ။
ကောင်းပါတယ် အားပေးနေတယ် ….. ။