လွမ်းနောင် ကျဆုံးခြင်း
မင်းလိုချင်တာမျက်ရည်တွေလား
မင်းနှလုံးသားနဲ့ခံယူမယ်ဆိုရင်
ငါငိုပေးပါ့မယ်………
မင်းပေးခဲ့တဲ့ဒဏ်ရာတွေတိမ်မယောင်နဲ့နက်ခဲ့တော့
တဆစ်ဆစ်နဲ့နာကြင်လွန်းလို့
ငါရင်ခုန်ရမှာတောင်ကြောက်နေမိတယ်………
အသွားမရှိတဲ့ဓါးတစ်လက်လို အသုံးမကျတဲ့ငါ့မာနတွေက
မင်းရဲ့မာယာမြှားချက်တွေကို ခုခံနိုင်စွမ်းမရှိလို့
ငါ့နှလုံးသားကျဆုံးခဲ့ရတာ သိပ်တော့မဆန်းဘူး………
ကြိုက်သလိုသာစီရင်တော့
ရင်ခုန်သံအသေတွေကြားဒူးထောက်ထားတဲ့ငါ
နောက်ထပ်နာကြင်စရာမရှိတော့ဘူး………
မင်းသဘောအတိုင်းလည်စင်းပေးထားပါတယ်……….
Comment #2
ကိုလွမ်းနောင် … ကောင်းလိုက်တာဗျာ…
အားပေးနေပါတယ်…
Comment #3
ကိုလွမ်းနောင် ..အားပေးသွားတယ်
Comment #5
မင်းလိုချင်တာမျက်ရည်တွေလား
မင်းနှလုံးသားနဲ့ခံယူမယ်ဆိုရင်
ငါငိုပေးပါ့မယ်………
မင်းပေးခဲ့တဲ့ဒဏ်ရာတွေတိမ်မယောင်နဲ့နက်ခဲ့တော့
တဆစ်ဆစ်နဲ့နာကြင်လွန်းလို့
ငါရင်ခုန်ရမှာတောင်ကြောက်နေမိတယ်………
Comment #6
har,,,
tu tu be,,,
tu tu be,,
he,,he,,
a phaw ya p kwa…
Comment #7
လန်းလှချည်လား ~~~~ ခေါင်းစဉ်ကြည့်ပြီး နင်များသေတာလားလို့ ဟီးးးး
Comment #1
မင်းလိုချင်တာမျက်ရည်တွေလား
မင်းနှလုံးသားနဲ့ခံယူမယ်ဆိုရင်
ငါငိုပေးပါ့မယ်………
မင်းလိုချင်တာ ဘာရှိသေးလဲ ကိုလွမ်းနောင် ရဲရဲသာ မေးပစ်လိုက်
🙂