လမင်းကိုမျှော်တဲ့ တိမ်ညို
ကမ္ဘာပေါ်မှာ အလှဆုံးလား
ကျွန်တော့် ကောင်မလေးပေါ့
ကျွန်တော်လို နလပိန်းတုံးကောင်ကိုတောင်
အလှတရားအကြောင်း နားလည်စေခဲ့တာ
ကမ္ဘာပေါ်မှာ အထက်မြက်ဆုံးလား
ကျွန်တော့် ကောင်မလေးပေါ့
ကျွန်တော့်ရင်ခွင်တစ်ခုလုံးကိုလေ
အကွက်စေ့စေ့နဲ့ သိမ်းပိုက်သွားခဲ့တာ
ကမ္ဘာပေါ်မှာ အဖြူစင်ဆုံးလား
ကျွန်တော့် ကောင်မလေးပေါ့
ကျွန်တော့်နှလုံးသား ပေးခဲ့တာတောင်
လက်မခံဘူးလေ
သူက အဖြူထည်လေးလိုပဲနေချင်သေးတယ်တဲ့
ကမ္ဘာပေါ်မှာ အနူးညံ့ဆုံးလား
ကျွန်တော့် ကောင်မလေးပေါ့
ကျွန်တော် သူ့ကို ရင်ဖွင့်ပြီးပြောတဲ့
စကားလုံးနုနုညံ့ညံ့လေးတွေအသံကြားရင်တောင်
သူက ခေါင်းကိုက်တတ်သတဲ့
(လက်ကလေးကာပြပြီး တော်ပါတော့တဲ့)
ကမ္ဘာပေါ်မှာ အတော်ဆုံးလား
ကျွန်တော့် ကောင်မလေးပေါ့
ကျွန်တော့်အသည်းကို ခွဲသွားခဲ့တာများ
ဒဏ်ရာတောင်မပေါ်ဘူး
(ဒီကကောင် အသည်းကွဲရတာတောင် အရူးဖြစ်လို့)
ကမ္ဘာပေါ်မှာ သနားအကြင်နာတတ်ဆုံးလား
ကျွန်တော့် ကောင်မလေးပေါ့
ကျွန်တော့်ကို သနားလို့တဲ့
နောက်ဆုံးမှာ
သူငယ်ချင်းတစ်ယောက်လို ခင်မင်ခွင့်လေးတော့ ပေးပါတယ်
(အဲဒီညမှာ ဒီကကောင် အိပ်လို့တောင်မပျော်ဘူး)
ကမ္ဘာပေါ်မှာ ရွံ့စရာအကောင်းဆုံလား
ဒီကကောင် ကျွန်တော်ပေါ့
ဒီလောက် အဖိုးတန်တဲ့ ကောင်မလေးကိုမှ
မတန်မရာ မျှော်လင့်ချက်နဲ့ ရူးခဲ့တာလေ
ဆုံးဖြတ်ချက်တောင်ချထားသေးတယ်
ေ နာ င် ဘ ၀ အ ဆ က် ဆ က် တဲ့ . . . . . . ။ ။
သိုးမည်း(UCSM)
13.Mar.2011 9:04 PM
Comment #1
ဟားးးးးးးးးးးးးး
တစ်မျိုးပဲ… ကောင်းတယ်ဗျာ..`