အချစ်ဦး – မောင်စိန်ဝင်း (ပုတီးကုန်း)
တစ်သက်တစ်ခါ
တစ်လွှာတစ်ရွက်
တစ်ခက်တစ်ပွင့်
ငုံအဆင့်မို့
ရင့်လို့ပဲဝါဝါ
ညှာတံပဲပြုတ်ပြုတ်
ဖြုတ်ခနဲပဲကြွေကြွေ
မြေမှာပဲရောက်ရောက်
ဖွဖွကလေးကောက်လို့
ပန်းခြောက်လေးပဲမြတ်နိုးမယ်။
မောင်စိန်ဝင်း (ပုတီးကုန်း)
Comment #2
ရင်ထဲနင့်ကနဲနေအောင်ပါပဲဗျာ အချစ်ဦးဖတိမိပါစေ
By: mrtzin10 at Nov 22, 2010
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အများကြီး မခံစားတတ်ခင် ကျောင်းသူဘ၀ ငယ်ငယ်လေးကတည်းက အရမ်း ကြိုက်ခဲ့ရပြီး
အခုချိန်ထိ အမှတ်တရ ရှိနေသေးတဲ့ ကဗျာလေးပါ ။
ကျေးဇူး အများကြီး တင်ပါတယ် ။။