အရူး
အထူးအဆန်းကိုလိုချင်သပဆိုရဲ့
ကောင်းကင်အနှံ့လျှောက်ပြီး
တိမ်ပွင့်ပျိုးခင်း
လေညင်းများနဲ့ ပျော်ခဲ့
သဘာဝမှမဟုတ်ပဲ
ကိုယ့်ကိုယ်အတွင်းကြိတ်ရန်ဖြစ်
စွန့်ဝံ့ပေမယ့် စိတ်ဟာဦးတည်ချက်မဲ့မဲ့ နေတော့
အရိပ်တွေနဲ့ ဆန့်ကျင်ဖက်
ကိုယ်တပ်မက်တဲ့ အရာတွေကိုထားခဲ့
သုံးသပ်ဖို့လည်း
လုံလောက်သောသင်ယူမှူမရှိခဲ့
ဖက်တွယ်ဖို့လည်း
ရွံရှာစက်ဆုပ်နေသူတို့သာတွေ့ခဲ့
တန်ဖိုးကိုကိုယ့်ဘာသာတိတိပပ မပျိုးပဲ
တိတ်တခိုးတောင့်တနေရတဲ့ အဖြစ်။ ။
ဩမြိုင်
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service