လူတွေပဲ မဟုတ်လား
သူငယ်ချင်း မင်းတို့ငါတို့တွေ
ဒီဇာတ်ခုံမှာ ရုန်းရင်းဆန်ခတ်
အတုကို အစစ်ထင်
ငါးမျိုးအင်နဲ့ ကျူးလွန်ကြတယ် (ငါးမျိုးအင်= ငါးပါးသီလ)
လူတွေပဲ မဟုတ်လား
သိသိကြီးပဲဟာ…..
သူငယ်ချင်းရေ
ငါတို့ ရင်ထဲ
စစ်မှန်ခြင်းတရားသိပါသော်လည်း
ရပ်ဝန်းတစ်ခု သီးသန့်ဖန်တီး
သက်ဦးဆံပိုင် ဘုရင်လုပ်
အုပ်ချုပ်ချင်ကြတယ်…
လူတွေပဲ မဟုတ်လား …..
သူငယ်ချင်းရေ . . .
လှမ်းလက်တွေများပီး
ကမ်းလက်တွေနည်းတယ်ဆိုတာ ….
အတ္တသရဖူဆောင်း
ငါ ခုံမင်ကြလို့ဆိုတာ
မင်းရော ငါရောသိတယ်….
ဒါပေမယ့်လဲလေ . . .
လူတွေပဲ မဟုတ်လား . .
သိကြတာပေါ့…
လူတွေပဲ …………….မဟုတ်လား ……………………….
(26-4-2011)
လိပ်ပြာ
Comment #2
ကောင်းတယ် လိပ်ပြာ ,, အားပေးသွားတယ် ,,
By: rabbit at Apr 26, 2011
Comment #5
ကောင်းပါတယ်။အကို။အားပေးတော်
By: Village chat kyi at May 28, 2011
Comment #6
hote par de,,,
lu tway pe lay,,
By: ei lay at May 11, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ကိုလိပ်ပြာ… ကောင်းပါတယ်..