Professional Authors

တြိလောက ရဲ့ သုံးရာသီ

ရွက်သစ်တွေ ဝေဖို့ 
သစ်ရွက်ဟောင်းတွေ ကြွေပေးနေတဲ့နွေမှာဆို
ပူနွေးတဲ့ အပူချိန်ကို ရင်ဆိုင်နိုင်ရန်
ထိတ်လန့် ခဲ့သူပေါ့။
အမှန်တော့ ကျေးဇူးတင်စရာ
ဧပရယ်မှာ လူတစ်ယောက်ကို
ရှင်သန်အောင် မွေးဖွားခဲ့သည်ပဲ။

ဒီလိုနဲ့ မိုးစက်လေးတွေ ဆွတ်ဖြန်းထားတဲ့ ရာသီမှာ
ကျောင်းတက်ခဲ့ရတယ်။
မိုးရေတွေနဲ့ ရွှံ့ ဗွက်တွေ
အပြန်အလှန် နားလည်မှုယူရင်း
ဘ၀ဟာ သင်ခန်းစာအပြည့်နဲ့ 
ဒါပေမယ့် နှစ်ချို့ ဝိုင်တော့ မဖြစ်သေးဘူး။
ကောင်းကင်ပေါ်က မိုးစက်တွေ
ဘယ်သောအခါမှ ကုန်မှာလဲ မဟုတ်ပါဘူး
ကိုယ်ကလဲ မိုးလောက်ကြီး ခံယူဖို့အသင့်မဖြစ်သေးသူလေ…

ဆောင်းလေဖြေးဖြေးတိုက်ပြီးရင်
အေးသွားသရော့ထင်လျှင်
ကိုယ်အနွေးထည်ထူထူဝတ်ထားခဲ့ပေမယ့်
တကယ်တမ်းတော့ ဒါဟာ နှင်းကာဝတ်ရုံပါပဲ။

ကိုယ်တိုင်ရေးမိတဲ့ အတွေးတွေက
တိမ်တွေလို တရွေ့ ရွေ့ …
ဒီလိုနဲ့ မမေ့နိုင်တဲ့ ရာသီထဲ
သံသရာကြိုးမျှင် မပြတ်သရွေ့ တော့
အဖန်တလဲလဲ အကြိမ်ကြိမ်အခါခါ ပျံသန်းနေမိတော့တယ်။    ။

မြလေးသျှင်

In: ကဗျာ Posted By: Date: Apr 30, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment