တောင်းဆိုခြင်း
ကံတရားမိုးခါးတွေက
အခါခါသည်းနေတဲ့ဘ၀မှာ
အရိုးသက်သက်မျှော်လင့်ချက်ထီးက
ငါ့အိပ်မက်တွေကို
စိုရွှဲသွားစေခဲ့
လျှပ်တ၀င်းဝင်းနဲ့မိုးခြိမ်းသံတွေ
ငါ့နားထဲမှာလျှံကျနေတယ်
ကျေးဇူးပြုပြီးတော့
မိုးကြိုးးပစ်မယ်ဆိုလည်းပစ်ချလိုက်ပါတော့
မိုးခြိမ်းသံတွေကြား
သွေးပျက်ရတာကို
စိတ်ပျက်လွန်းလို့ပါ။ ။
Comment #2
right,,,
right,,
By: ei lay at Jan 6, 2012
Comment #3
super like
By: ei lay at Aug 5, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ကျေးဇူးပြုပြီးတော့
မိုးကြိုးပစ်မယ်ဆိုလည်းပစ်ချလိုက်ပါတော့
မိုးခြိမ်းသံတွေကြား
သွေးပျက်ရတာကို
စိတ်ပျက်လွန်းလို့ပါ။ … good ./