တိမ်
တိမ်
ရေးချထားတဲ့စာကြောင်းတွေ
မညီညာ မပြေပြစ် အလင်းပျောက်
ငှက်ဆိုးဘ၀အထီးကျန်
ပျောက်သွားခဲ့ပေါ့လက်စွပ်လေး
ဆူညံသံတွေကြား ငါ့နားထဲ
ဝေဒနာတွေပျောက်သွားလိုက် ပေါ်လာလိုက်
မင်းကိုလည်းရှာဖွေဆဲ
ဘယ်မှာမှမတွေ့ 
အနိစ္စ ဒုက္ခ အနတ္တ
မမြဲသောတရားသိထားပါ၏……
လက်စွပ်လေးပြန်တွေ့ 
မင်းကိုတော့ရှာဖွေဆဲ
ဝေဒနာတွေ အရင်အတိုင်း
ဆူညံသံတွေ ပျောက်သွားလိုက်ပေါ်လာလိုက်
ငှက်ဆိုးဘ၀အထီးကျန်
ရေးချထားတဲ့စာကြောင်းတွေ
မညီညာ မပြေပြစ် အလင်းပျောက်
သြော်..အနိစ္စ ဒုက္ခ အနတ္တ
မမြဲသောတရား သိထားလည်း………။ ။
မင်းအိမ်
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service