၇ိုးသားစွာချစ်ခဲ့ခြင်းဖြစ်ပါကြောင်း
မာယာချိုချိုတွေမသုံးခဲ့ပါဘူး
ညနေညိုတွေထဲမှာ
ရင်ခုန်ခြင်းစစ်စစ်တွေနဲ့လိမ်းကျံလို့
နှလုံးသားကတိတိကျကျခံစားပေးခဲ့တာပါ….
ငါ့ချစ်ခြင်းတရားမှာ
ဂုဏ်ဒြပ်၊ရုပ်ဝတ္ထုတွေမလိုဘူး
စိတ်ဝိညာဉ်ကိုပဲပိုင်စိုးချင်ခဲ့တာ…
မုသားနဲ့လိမ်းကျံထားတဲ့
စကားလုံးလှလှတွေမပါလည်း
ငါ့ချစ်ခြင်းကခိုင်မြဲနေမှာပါ…
ကြင်နာခြင်းတွေနဲ့အတူ
ရိုးရိုးသားသားပဲ
ရင်တခုလုံးရင်းပြီး
ချစ်ခြင်းဆိုတဲ့အနုပညာကို
နင်နဲ့အတူထုဆစ်ဖို့
ရိုးရိုးလေးပဲမျှော်လင့်ခဲ့တာပါ……..။ ။
Comment #4
ရိုးရိုးသားသားပဲ
ရင်တခုလုံးရင်းပြီး
ချစ်ခြင်းဆိုတဲ့အနုပညာကို
နင်နဲ့အတူထုဆစ်ဖို့
ရိုးရိုးလေးပဲမျှော်လင့်ခဲ့တာပါ……..။ good
By: han paing oo at Aug 20, 2011
Comment #5
so so sooooooooooooooooooo niceeeeeeeeeeeeeeee
By: ei lay at Apr 8, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အ၇မ်းကောင်းပါတယ် အားပေးသွားပါတယ်။