လိုအပ်ချက်
၁၂ရာသီဟာအချိန်စက်ဝန်းပေါ်မှာ
ချားရဟတ်စီးနေခဲ့တာပေါ့
ကျွန်တော်သူ့ဆီမှာ
၉၇၂သွယ်ရဖို့ကြိုးစားရဦးမယ်လေ
အဝေးကိုထွက်ခွာသွားတဲ့
သူ့ရဲ့ ကျောပြင်လေးကိုငေး
ကျွန်တော်တစ်ကိုယ်တည်း
ဆွေးနေခဲ့ရတာကြာပြီ
ကောင်းကင်နဲ့ကြယ်ကြား
အလှမ်းမမှားချင်ပေမယ့်လည်း
အနေအထားကတော့
ပြဒါးတစ်လမ်းသံတစ်လမ်းထက်
တစ်ဝက်မကခြားခဲ့ရတယ်
မိုးသစ်လေပြည်
Comment #2
၉၇၂သွယ်ရဖို့ကြိုးစားရဦးမယ်လေ
အဲဒါဘာကိုပြောတာလဲဟင်
By: Flora White at May 10, 2011
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အလှမ်းမမှားချင်ပေမယ့်လည်း
အနေအထားကတော့
ပြဒါးတစ်လမ်းသံတစ်လမ်းထက်
တစ်ဝက်မကခြားခဲ့ရတယ်
အားပေးသွားပါတယ်။