ဆက်ထုံး……(terry)
အဖြည့်ခံသူရဲကောင်းတဲ့….
တံဆိပ်တော့
အကပ်ခံရပါတယ်။
စကားလုံးတွေစိုက်ခံထားရလို့ 
မွစာကြဲနေမယ့်
ငါ့ရင်ဘတ်ကိုမှ သူတို့ မမြင်တာ။
ခဏခဏကျပျောက်ဖူးတော့လည်း
လမ်းဆိုတာကို
ကြောက်လာတယ်….
ဝါကျတွေကောက်ကောက်ဆက်
ရင်တွင်းဖြစ်ခံစားချက်မှာ
နေ၀င်ချိန်တွေ
ဖြေးဖြေးလေးပဲနက်လာတယ်…။
ဥပမာတွေသာကုန်သွားတယ်
နင်စကားပုံမတတ်ခဲ့ဘူးပဲ…
မဖြစ်နိုင်တာကိုမှ
လိုချင်တော့လည်း
တစ်ဖက်တည်းမြည်မယ့်
လက်ခုပ်….
ငါ့ရင်နဲ့ အုပ်ပြီးတီးကြည့်တယ်။
စွန့် လွှတ်ခြင်းဝါကျပျက်တွေ
ခဏခဏထပ်နေတာ
ပျော်လွန်းလို့ 
ခေါင်းစဉ်တပ်နေတာမဟုတ်ဘူးကွယ်…
ပြန်မလာမယ့်ပဲ့တင်သံကိုပဲ
မျှော်ကိုးနေရတာ
ကြာတော့လည်း
ကိုယ့်အော်သံကိုပြန်ရှက်လာတယ်။
သူပြောပြ၍နားထောင်ဖြစ်ခဲ့သော
အိပ်မက်ဆိုးတွေရဲ့ 
အထ္ထုပတ္တိတွေကြားမှာ
မျှော်လင့်ချက်ဆိုတာနဲ့ ပဲ
ယဉ်ယဉ်ကျေးကျေးကြီးလွမ်းနေရတာ
ကိုယ့်ကိုကိုယ်
မာနနဲ့ လောင်ကျွမ်းခဲ့ဘူးတယ်ဆိုတာ
မေ့လျှော့လာခဲ့တယ်။
မေ့နိုင်တယ်ပြောပြောပြီး
မမေ့ချင်တာကိုကခက်တယ်…
ငါတို့ ရဲ့ ညီမျှခြင်းမှာ
ဒေါင်လိုက်မျဉ်းတစ်ကြောင်း
အချက်မပြပဲနဲ့ …ဖြတ်တယ်။
ဟုတ်သည်ဖြစ်စေ
မဟုတ်သည်ဖြစ်စေ
ငါမေးမိတဲ့အချိန်
“ချစ်တယ်”လို့ ဖြေရင်ကို
ဒဏ်ရာတွေကိုပြုလုပ်သူ
နင်မဟုတ်ဘူးလို့ ပဲ
နာကျည်းခဲ့ဖူးတဲ့စိတ်ကိုငါ
အစိမ်းချုပ်ပစ်လိုက်ပါမယ်…..။
terry(9.5.2011)12:35am
Comment #2
ဟုတ်သည်ဖြစ်စေ
မဟုတ်သည်ဖြစ်စေ
ငါမေးမိတဲ့အချိန်
“ချစ်တယ်”လို့ ဖြေရင်ကို
ဒဏ်ရာတွေကိုပြုလုပ်သူ
နင်မဟုတ်ဘူးလို့ ပဲ
နာကျည်းခဲ့ဖူးတဲ့စိတ်ကိုငါ
အစိမ်းချုပ်ပစ်လိုက်ပါမယ်။။။။။။။။။။။။။။
အဲ့ ဒီနေရာလေးကကဗျာကိုထမ်းသွားတယ်ထင်တယ်နော်
ဂွတ်။။။။။။။။။။။။။။။။။။။။။။။။။
Comment #3
@အားပေးတာကျေးဇူးတင်ပါတယ်..ကိုမိုးသစ်လေပြေ..ဒီထက်ကောင်းအောင်ကြိုးစားချင်စိတ်တွေအတွက်အဲ့ဒီစကားတွေကအားဆေးပါပဲဗျာ…..
@
ကိုမင်းလူနရေ…အားပေးတဲ့အတွက်.တကယ်ကျေးဇူးတင်ပါတယ်ဗျာ….ကြိုးစားဖို့ အတွက်အားပေးရမယ်နော်.. 😀
Comment #6
ဟုတ်သည်ဖြစ်စေ
မဟုတ်သည်ဖြစ်စေ
ငါမေးမိတဲ့အချိန်
“ချစ်တယ်”လို့ ဖြေရင်ကို
ဒဏ်ရာတွေကိုပြုလုပ်သူ
နင်မဟုတ်ဘူးလို့ ပဲ
နာကျည်းခဲ့ဖူးတဲ့စိတ်ကိုငါ
အစိမ်းချုပ်ပစ်လိုက်ပါမယ်…..။
အရမ်းကောင်းတဲ့ ကဗျာပါလား…..။အားပေးတယ် ကို terry ရေ တကယ်ကြိုက်တယ်….။
ခံစားချက်တွေနဲ့ ကွက်တိပဲ…..။
Comment #8
ဒဏ်ရာတွေကိုပြုလုပ်သူ
နင်မဟုတ်ဘူးလို့ ပဲ
နာကျည်းခဲ့ဖူးတဲ့စိတ်ကိုငါ
အစိမ်းချုပ်ပစ်လိုက်ပါမယ်…
အားပေးနေပါတယ်…terry
Comment #9
မဖြစ်နိုင်တာကိုမှ
လိုချင်တော့လည်း
တစ်ဖက်တည်းမြည်မယ့်
လက်ခုပ်….
ငါ့ရင်နဲ့ အုပ်ပြီးတီးကြည့်တယ်။
Comment #11
ဟုတ်သည်ဖြစ်စေ
မဟုတ်သည်ဖြစ်စေ
ငါမေးမိတဲ့အချိန်
“ချစ်တယ်”လို့ ဖြေရင်ကို
ဒဏ်ရာတွေကိုပြုလုပ်သူ
နင်မဟုတ်ဘူးလို့ ပဲ
နာကျည်းခဲ့ဖူးတဲ့စိတ်ကိုငါ
အစိမ်းချုပ်ပစ်လိုက်ပါမယ်…..။
Comment #12
@မိုးသစ်လေပြေရေ…မသိလို့ဗျ….ဘွာတေး… 😀
@wxad …ဟုတ်ကဲ့….ခံစားချက်တွေပါ….။
အားပေးကြတဲ့ကဗျာညီအကိုမောင်နှမတွေအားလုံးကို….ကျေးဇုးတင်ပါတယ်….:)
Comment #13
မေ့နိုင်တယ်ပြောပြောပြီး
မမေ့ချင်တာကိုကခက်တယ်…
ငါတို့ ရဲ့ ညီမျှခြင်းမှာ
ဒေါင်လိုက်မျဉ်းတစ်ကြောင်း
အချက်မပြပဲနဲ့ …ဖြတ်တယ်။
ဟုတ်သည်ဖြစ်စေ
မဟုတ်သည်ဖြစ်စေ
ငါမေးမိတဲ့အချိန်
“ချစ်တယ်”လို့ ဖြေရင်ကို
ဒဏ်ရာတွေကိုပြုလုပ်သူ
နင်မဟုတ်ဘူးလို့ ပဲ
နာကျည်းခဲ့ဖူးတဲ့စိတ်ကိုငါ
အစိမ်းချုပ်ပစ်လိုက်ပါမယ်…..။ 🙂
Comment #14
ဟုတ်သည်ဖြစ်စေ
မဟုတ်သည်ဖြစ်စေ
ငါမေးမိတဲ့အချိန်
“ချစ်တယ်”လို့ ဖြေရင်ကို
ဒဏ်ရာတွေကိုပြုလုပ်သူ
နင်မဟုတ်ဘူးလို့ ပဲ
နာကျည်းခဲ့ဖူးတဲ့စိတ်ကိုငါ
အစိမ်းချုပ်ပစ်လိုက်ပါမယ်…..။
Comment #16
ဥပမာတွေသာကုန်သွားတယ်
နင်စကားပုံမတတ်ခဲ့ဘူးပဲ…
မဖြစ်နိုင်တာကိုမှ
လိုချင်တော့လည်း
တစ်ဖက်တည်းမြည်မယ့်
လက်ခုပ်….
ငါ့ရင်နဲ့ အုပ်ပြီးတီးကြည့်တယ်။
စွန့် လွှတ်ခြင်းဝါကျပျက်တွေ
ခဏခဏထပ်နေတာ
ပျော်လွန်းလို့ 
ခေါင်းစဉ်တပ်နေတာမဟုတ်ဘူးကွယ်…
ပြန်မလာမယ့်ပဲ့တင်သံကိုပဲ
မျှော်ကိုးနေရတာ
ကြာတော့လည်း
ကိုယ့်အော်သံကိုပြန်ရှက်လာတယ်။
အားပေးသွားပါတယ်..ကိုတယ်ရီ
တာရာ
Comment #17
အစိမ်းချုပ်ပစ်လိုက်ပါမယ်…..။
Comment #1
စကားလုံးအသုံးအနှုန်တွေတော်တော်လေးအင်အားလည်းပါတယ် လိုက်လျောညီထွေလည်း ရှိတယ် မော်ဒန်ရသကိုပီပီပြင်ပြင်ခံစားလိုက်ရတယ်ဗျာ