၂၀၁၁ ခုနစ်နဲ့ ၂၀၁၁ ခုနှစ်နောက်ပိုင်း စုံတွဲများ
မရေးရတာ ကြာပြီ ဆိုတာထက်
အကြာကြီးနေမှ ရေးဖြစ်လာတာ …
နှစ်ချို့မျက်ရည်တွေက အနံ့အသက်တွေနဲ့
မှုခင်းတစ်ခုရဲ့ နိဂုံးလို မြင်မကောင်း ရှုမကောင်း …
တွေ့နေကျ မြင်နေကျ စကားလုံးတွေအောက်မှာ
ကျနော်ဟာ သဲတစ်ပွင့်လောက်သာ သေးငယ်လာ …
ကျနော်ဟာ မရင့်ကျက်သေးတဲ့ ရာသီဥတု …
ကျနော်ဟာ မခြောက်သွေ့သေးတဲ့ ကန္တာရ …
အခြေအနေအရ ပြုံးပြလိုက်တယ် …
အခြေအနေအရ လှုပ်ရုံသာပြုံးပြလိုက်တဲ့ နှုတ်ခမ်းလေးတွေက
နာရီသံတွေထဲ ပွန်းပဲ့သွေးလျှလာ …
ပါးပါးလျလျ … ပိန်ပိန်သွယ်သွယ် … ရင့်ရင့်ကျက်ကျက် … ထောင်ထောင်မောင်းမောင်း …
နာမ၀ိသေသနအားလုံးဟာ သူမနဲ့ သက်ဆိုင်တယ် …
အလုပ်လုပ်နေတဲ့ ဓာတ်မီးတိုင်အောက်မှာ ရပ်နေတဲ့ ကျနော်ဟာ
မှောင်ရိပ်ခိုမှုနဲ့ အဖမ်းခံရတဲ့ အချိန်တွေလို အထိအတွေ့တွေက အောင့်သက်သက် …
သေလူတစ်ယောက်ပြောတဲ့ အနာဂတ်ကို ဘယ်သူက ယုံမှာလဲ …
အလုပ်သဘောအရ လမ်းခွဲမှုနဲ့ ဆက်လက်တွေ့ဆုံဖြစ်ခဲ့ပါသေးတယ် …
တနေ့တခြား သူမ ပိုလှလာသလိုပဲ … ဘေးမဲ့လွှတ်ပေးလိုက်တဲ့ အလှမွေးငါးကြီးက
ဘေးမဲ့ကန်မှာ ပျော်လို့ ပါးလို့ လှလို့ …
အပေါ်ယံအရေပြားကင်ဆာနဲ့ အသည်းကွဲခဲ့ကြတယ် …
မြို့ပြယဉ်ကျေးဖော်ရွေမှု … သွားပေါ်ပြုံး ချောက်တွန်းမှု … တို့နဲ့ လားလားမျှ မသက်ဆိုင်တော့ …
ကျနော့်ကို ကျနော် ပြန်တည်ဆောက်နေတာ ကြာပြီ …
လှလှပပ ပုတ်သိုးနေတာတွေကို ကိုယ်ဝမ်းကိုယ်နာ ဘယ်သူသိမှာလဲ …
အပေါ်ယံအရေပြားကင်ဆာနဲ့ ပြုံးပြမုန်းခဲ့ကြ …
လွမ်းတယ် လို့ မပြောပဲ ချခဲ့ရတဲ့ သက်ပြင်းတွေ အလူးလူးအလိမ်းလိမ်းနဲ့ …
နောက်ဆုံး ကျနော်ပဲ မှားတယ် / လိုတယ် …
Comment #2
so nice,,,
nout sone dot le,,,,,,,,,,
ei lay pe hmar de,
ei lay pe soe de,
ei lay pe a naing kyint de,
ei lay pe lun de,
ei lay pe,,,,ei lay pe,,,lo tar par
ei lay pe yet sat de,
ei lay pe hnate sat de pop naw
Comment #1
လုလင် အားပေးသွားပါသည်
လွမ်းတယ် လို့ မပြောပဲ ချခဲ့ရတဲ့ သက်ပြင်းတွေ အလူးလူးအလိမ်းလိမ်းနဲ့ …
နောက်ဆုံး ကျနော်ပဲ မှားတယ် / လိုတယ် …