လရောင်အောက်မှာ လွမ်းမောခြင်း
မြူမှုန်စက်တို့ မင်ရည်ကျဲတဲ့ည
ကြယ်တစ်မှိတ်ကိုမှ လတစ်စင်းလို့ထင်မိတော့လည်း
မျှော်လင့်ခြင်းတွေ အငွေ့ပျံကုန်တာ
မဆန်းပါဘူး…..
သူ့တစ်မျက်နှာ မျှော်လင့်ကာ
ဖူးမျှော်ခဲ့ရပေမယ့်….
ငါ့လျှောက်လမ်းတွေသာ အိုဟောင်းသွားခဲ့တယ်
သူ့အရိပ်တစ်ချက်တောင် အရောင်မထွက်ခဲ့ဘူး….
မှုန်ရီဝေဆိုင်းတဲ့ ညဥ့်နှင်းမှုန်တွေနဲ့
မြောက်ပြန်လေရဲ့ ဆောင်းလေညှင်းတွေကြား
ငါတစ်ရောက်တည်း ရင်မှာနွေပေါက်နေပြီလေ….
ငါဟာဆုံးရှုံးခဲ့သူတစ်ယောက်ပါ…
ဆုံးရှုံးခဲ့သူအတွက်တော့
အဆုံးကိုအရှုံးနဲ့ကွပ်လိုက်ရုံပေါ့….
အခုတော့ အလွမ်းနှလုံးတွေနဲ့
ငါ့ခြေလှမ်းတွေ နောက်ပြန်လှည့်ရင်း … လွမ်းမောရင်းပေါ့…
ကဲ….
မသာတဲ့ညမှာ သာတဲ့လရေ…
မင်းအလင်းတွေ အစွမ်းကုန်ဖူးပွင့်လိုက်စမ်း….
ပြာရည်
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service