Professional Authors

ငရဲကိုမြင်ရဖို့

သစ်သီးတွေကစကားမပြောတတ်တာ

မှော်ဝင်နေလို့

ပျော်ပွဲရွှင်ပွဲခုဆိုစတင်ပါပြီ။

အချိန်ကိုမသိပဲကခုန်ကြ၊

ပုပ်သွေးဆွေးမြေ့သွားတဲ့အထိ

ငရဲရဲ့အမြင့်ဆုံးဘုံကိုရောက်ရှိသွားခဲ့

 

သင်ဟာကျုပ်ကိုချွေတာစွာစားသုံးနိုင်လိမ့်မယ်

သုသာန်ကမသယ်ဆောင်ခင်ထိကွယ်။

ကမ္ဘာကလည်းအစိမ်းလိုက်စားဖို့စောင့်နေတယ်

 

ဒဏ်ရာရသွားတဲ့အချစ်အတွက်

လူသားအစနတွေလိုတယ်။

 

ဂုဏ်သိက္ခာပေါ်ကတစ်လိမ့်ကောက်ကွေးပြုတ်ကျ

အသွားမတော်တစ်လှမ်းလို့ပြောခဲ့ရဲ့သား

နောက်ကျတဲ့ခြေထောက်သစ္စာဖောက်လို့ပြောခဲ့သား။

 

မိန်းမတစ်ယောက်ရဲ့ဗဟိုချက်မကသူ့ခန္ဒာကိုယ်တဲ့

အသားတစ်တွေထွက်ကျပုပ်သိုးသွားမလား

မှိုတွေတက်၊ အရည်ပျော်ကျ၊မကောင်းတဲ့ပိုးမွှားတွေက

ငါ့အသည်းနှလုံးထဲဝင်ပေါက်ကွဲပျက်စီးသွားရ

 

ဒီအလင်းရောင်ဟာအမှောင်ကိုထွန်းလင်းပေးတယ်

အမှောင်ဟာဘယ်တော့မှနားမလည်တတ်ခဲ့ဘူး။

 

နင်သာငါ့ကိုယူဆောင်နိုင်တယ်

သေခြင်းတရားလက်မကမ်းခင်

 

အဲဒီတော့ငရဲကိုမြင်ရဖို့

ငါဟာကောင်းကင်ပေါ်ကိုပဲမော့ကြည့်လိုက်ပါတော့မယ်။

 

MSH~

*inspired from \MM/

In: ကဗျာ Posted By: Date: May 19, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment