Professional Authors

ဒါ….ငါ့မာန….။ ။

ဘယ်သူတွေ ဘယ်လို ဝေဖန်
ကိုယ်ဖန်တီးနိုင်မျှသာ အကောင်းဆုံး
အနိုင်ယူသော မျက်နှာမျိုးဖြင့်
ဘေးဘီဝေ့၀ဲ
မနက်ဖြန်တွေ ရင်ဆိုင်ရဲတယ်
ဒါ….မာန…။    ။
 
စိတ်ကူးတွေ မိုးလိုမြင့်
လက်တွေ့တွေတိုင်း တစ်စုံတစ်ဦးဖြစ်ဖို့ ကြိုးစား
တချို့တချို့သော ပြိုင်ဆိုင်မှုများအား
အရေးမပါသလိုသဘောထား
မိန်းမသားဆိုတာလည်း ဘေးမှာခေါက်ထားတယ်
ဒါ …..မာန….။    ။
 
ဖြစ်ကိုဖြစ်နိုင်ရမယ်
တစ်ပါးသူအကျိုးမနစ်မွန်း
ဖြစ်ချင်တာကိုအရယူ
အသိအမြင်တွေ ထပ်ဖြည့်ဆည်း
ယုံကြည်မှုရှိသော ခြေလှမ်းမျိုးဖြင့်
အနာဂတ်အား စိန်ခေါ်
ဘယ်လိုအခက်အခဲကြုံလာပါစေ
ကိုယ်လိုရာကို ပုံသွင်းယူမယ်
ဒါ….မာန….။    ။
 
အထင်သေးရှုံချခံရခြင်းအား
တစ်ဖြစ်လဲ ဂုဏ်နဲ့နှိုင်း
လူတစ်ယောက်ရဲ့ အပြောင်းအလဲ
အံ့သြ မှင်သက်လောက်စေဖို့
မရက်မနား ငါ့ပန်းတိုင်သို့
တစိုက်မက်မက် ချဉ်းကပ်
စိတ်ဓါတ်နက်နက်တစ်ခု မွေးဖွားယူထားတယ်
ဒါ….ငါ့မာန….။      ။
In: ကဗျာ Posted By: Date: May 26, 2011
Comment #1

Wow!!! အရမ်းကောင်းတယ် စာလုံးလေးတွေက အားအင်ဖြစ်စေတယ်ဗျာ

commentinfo By: John at May 26, 2011
Comment #2

အထင်သေးရှုံချခံရခြင်းအား
တစ်ဖြစ်လဲ ဂုဏ်နဲ့နှိုင်း
လူတစ်ယောက်ရဲ့ အပြောင်းအလဲ
အံ့သြ မှင်သက်လောက်စေဖို့
မရက်မနား ငါ့ပန်းတိုင်သို့
တစိုက်မက်မက် ချဉ်းကပ်
စိတ်ဓါတ်နက်နက်တစ်ခု မွေးဖွားယူထားတယ်
ဒါ….ငါ့မာန….။ ။

commentinfo By: chocolate at Aug 19, 2011
Comment #3

really great

commentinfo By: ei lay at Dec 13, 2011
Comment #4

read again

commentinfo By: ei lay at Jan 10, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment