စပိုင် မဟုတ်ခဲ့သူ – နရီထက်
လှေနံနှစ်ဖက် ခွနင်းဖို့လည်း
မကြိုးစားခဲ့ဘူး
လှေနံဓါးထစ်
အက်ကြောင်းရာလည်း ငါ မပေးချင်ဘူး
ဓါးလည်း မဆုံးစေချင်ဘူး
လူကြီးမင်းရဲ့ အိမ်တွင်းက စကားလုံးတွေ
ပြတင်းပေါက်ကနေ ခုန်ထွက် မပြေးချင်ဘူး
အိမ်ပေါက်ဝနားက စကားလုံးတွေ
လူကြီးမင်းနားကို ကျွန်ုပ် ပေးမဖြတ်ချင်ဘူး
ကုန်ရောင်းကုန်ဝယ် မဟုတ်တော့
ကုန်ကြမ်းမဖြစ်ချင်ဘူး
အသုံးချခံ မဖြစ်ချင်သလို
ငါ့ဦးနှောက်ကို သူတို့
ဈေးကြီးကြီး ပေးမ၀ယ်စေချင်ဘူး
နောက်ဆုံးတော့လည်း
ထင်ကြေးတွေနှင့်
ငါ့ ဦးနှောက်က
သူတို့ကြားမှာ အ၀ယ်လိုက်လာတယ်။ ။
နရီထက်
( ၂၇ ၊ မေလ ၊ ၂၀၁၁ )
Comment #2
ကျေးဇူးပါ…. poem.jinx28
Comment #3
တိုက်ဆိုင်မူတွေရှိလို့  လားမသိဘူး ကိုကြိး ။တော်တော် ကောင်းတယ် ပိးတော အရေးအသား လည်း ထိတယ် အဓိပ္ပါယ် ကလည်းမိုက်တယ်။ကြိုက်တယ် ဗျာ.အိဒြာကလူတွေ ကို လိုက်ပိး share ပစ်ရမယ်နော်။း)ဆက်လက်အားပေးနော်မယ် …..
Comment #4
ကျေးဇူးပါ… ညီလေး သူရ..ရေ
Comment #5
ကောင်းတယ်အကိုကြီးးးးအားပေးသွားတယ်နော်
Comment #7
ကျေးဇူးပါ… ကိုလူမော်ငြိမ်းနှင့် ညီမလေး မြင့်မိုရ် တို့ကို …
Comment #8
ဒီကဗျာသည် မလေးရှားနိုင်ငံတွင် ထုတ်ဝေသော လင်းယုန်ဂျာနယ် 2011 ဂျူလိုင်လတွင် ဖော်ပြခြင်းခံရသည်။
Comment #9
သည်ကဗျာသည် 2011 သြဂုတ်လထုတ် လင်းယုန်ဂျာနယ်( မလေးရှား)တွင် ဖော်ပြခြင်းခံရသည်။
Comment #1
ကိုန၇ီထက်…ကောင်းတယ်ဗျာ
တစ်မျိုးလေးပဲ