ကျွန်တော် နှင့် ပေါက်တူး တစ်လက် ( လူမော်ငြိမ်း )
“ ဘာကောင်မှ မဟုတ်ပါဘူး ” … အဲဒီ အသိတရားက
ထင်ထားတာထက် မြင်အောင် သင်ကြားပေးနိုင်တယ် ။
သေနတ် မကိုင်ချင်ဘူး … ရာဇပုလ္လင်မှာ မထိုင်ချင်ဘူး ။
အပူအပင်ကင်းတဲ့ အထက်တန်းကျောင်းသားဘဝက
သင်ပေမယ့် မမြင်ခဲ့ရတဲ့ “ THE QUIET LIFE ” ကိုပဲ
မှောင်ရိပ်အောက်မှာ တိုးတိုးတိတ်တိတ် ရွတ်နေချင်တာ ။
တစ်ခါတလေ ဆော့ခရတ္တိလိုလဲ အဆိပ်သောက်ပြီး သေချင်မိရဲ့ ။
အခုဆို တန်တာထက် ပိုလို့ ငါ့အတွက် ဘာကိုမှ မလိုတော့ပါဘူး ။
“ ရိုးရှင်းတဲ့ ဘဝ ” ဆိုတာ အတွင်းက လာတာလို့ ခံစားနေရတယ် ။
ကုဒါလ ပဏ္ဍိတ ဇာတ်ကို တစ်ဆယ့် ကိုးကြိမ်မြောက် ဖတ်ခဲ့ ပြီးချိန် ။
လူမော်ငြိမ်း
Sunday , June 5 , 2011
Comment #6
ကိုလူမော်ငြိမ်းရေ..အားပေးနေတယ်နော်…ကဗျာတိုင်းကရင်ကိုထိဆဲပါ.. 🙂
By: ရွှေငါး at Jun 27, 2011
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ကြိုက်တယ်.. ခွင့်မရှိပဲ ကူးယူမိတာအတွက် တောင်းပန်ပါတယ်..