တံခါးနောက်ကွယ်
(သင့်စေ့ထားသော..တံခါးများ ကျွန်ုပ်အတွက်ဟုဆိုကာ..ပွင့်စေချင်သော်လည်း ကံ မျက်နှာသာ မရတတ်သော..အချစ်အတွက်…..မည်သို့သော ငဲ့ညှာမှုမျိုးကိုမှ.. မတောင့်တ ခဲ့ပါ။)
လုံခြုံပြီထင်လို့ စေ့ထားသူ
မင်းရင်တွင်း…ထွင်းလို့ မ၀င်ရက်သူမှာ
ရင်ခွဲလက်နက် ကင်းတယ်ဆိုတာ……..
ပုံအပ်ဖို့မလိုပါဘူး…..ယုံတယ်ဆိုရုံလေး….ယုံပေးပါ။
ကိုယ့်အတွက်မှ…တင်းတင်းပိတ်ထား
မလိုအပ်ဘူး ဆိုခဲ့ရင်လေ
ဖွင့်ထားသည် ဖြစ်စေ..ကိုယ် တလှမ်းရယ်မျှ..တိုးဝင်မလာတတ်သူပါ။
ဒီမိုးမှာ…မင်းအတွက်
အငြိုး..ထာဝရ ကင်းပါတယ်…
ပြောရက်ပြောထွက်လို့..ကစားတမ်း အသွင်
မြင်ရက်ခဲ့တောင်……
ကိုယ်..အနေမတတ်ခဲ့လို့ပဲ…..ဖြစ်မှာပါ။
အဲဒီ..မျက်ဝန်းအသေလေးတွေနောက်က
မျှော်လင့်ချက် အပျောက်တွေနဲ့….
အပြုံးတုလေးတခုမှာ…..
ကိုယ်…..မျောစေရဲ့လို့
မင်းမရည်ရွယ်သလို…ကိုယ်…မသိခဲ့..မသိလိုက်ပါဘူး။
မဖုံးတတ်မဖိတတ်နဲ့
မရိတတ်..မသိတတ်ခဲ့…ရင်ကွဲသူအတွက်
အေးမြ..စိုစွတ်စေခဲ့တိုင်း..
ပေါပေါလောလောသည်းချတတ်သူ
မဟုတ်ခဲ့ရိုး….အမှန်ဆိုတာ…..သံသယ မထားပါနဲ့။
……………………
ဒီတံခါးနောက်ကွယ်မှာ
ဘာရှိသလည်း…….?
ဒီတံခါးနောက်ကွယ်မှာ
ဘာတွေ့မလည်း…..?
ဘယ်တုန်းကမှ….ဒီမိုး….မသိချင်ခဲ့ဘူး
……………………………………………………
တတ်သလောက်..မှတ်သလောက်
နူးညံ့ခြင်းဖြင့် …
.မိုး ရင်ငွေ့ဝယ် အိပ်စက်စေဖို့…ရည်ရွယ်…ကာ
အတိုးချ သည်းမိသူ ….
.အေးမြစေယုံသက်သက်
မှားတယ်…ကစားတယ်…ဆိုရက်ခဲ့ရင်
မ၀င်စေ….မမြင်စေ..လိုခဲ့ရင်…………..
………………..
နေရာလွှဲ..သည်းထန်ပါ့မယ်
…………………
အငြိုးတွေနဲ့မိုး….
.သင့်အား….
……………….တဘ၀…မငိုစေချင်ခဲ့ပါ။
(6.6.2011 – 2;00 pm)
Comment #2
တတ်သလောက်..မှတ်သလောက်
နူးညံ့ခြင်းဖြင့် …
.မိုး ရင်ငွေ့ဝယ် အိပ်စက်စေဖို့…ရည်ရွယ်…ကာ
အတိုးချ သည်းမိသူ ….
.အေးမြစေယုံသက်သက်
မှားတယ်…ကစားတယ်…ဆိုရက်ခဲ့ရင်
မ၀င်စေ….မမြင်စေ..လိုခဲ့ရင်…………..
………………..
နေရာလွှဲ..သည်းထန်ပါ့မယ်
…………………
အငြိုးတွေနဲ့မိုး….
.သင့်အား….
……………….တဘ၀…မငိုစေချင်ခဲ့ပါ။
အားပေးနေပါတယ်……

Comment #3
ဟာ…..မမိုး၇ာ…
အငြိုးတွေနဲ့မိုး….
.သင့်အား….
……………….တဘ၀…မငိုစေချင်ခဲ့ပါ။
အားပေးနေပါတယ်…မမိုး

Comment #5
တကယ်ကောင်းတဲ့ အရေးအသားဗျာ……ခင်ဗျားကလူတော်ပဲဗျ

Comment #6
ကျေးဇူးအများကြီး..အများကြီးတင်ပါတယ်……..မိုး ကို အားပေးတဲ့မောင်နှမများအားလုံး

Comment #10
အားပေးသွားတဲ့မောင်နှမများအားလုံးအထူးကျေးဇူးတင်ပါတယ်ခင်ဗျား

Comment #1
“မဖုံးတတ်မဖိတတ်နဲ့
မရိတတ်..မသိတတ်ခဲ့…ရင်ကွဲသူအတွက်
အေးမြ..စိုစွတ်စေခဲ့တိုင်း..
ပေါပေါလောလောသည်းချတတ်သူ
မဟုတ်ခဲ့ရိုး….အမှန်ဆိုတာ…..သံသယ မထားပါနဲ့။….”
တတ်သလောက်..မှတ်သလောက်
နူးညံ့ခြင်းဖြင့် …
.မိုး ရင်ငွေ့ဝယ် အိပ်စက်စေဖို့…ရည်ရွယ်…ကာ
အတိုးချ သည်းမိသူ ….
.အေးမြစေယုံသက်သက်
မှားတယ်…ကစားတယ်…ဆိုရက်ခဲ့ရင်
မ၀င်စေ….မမြင်စေ..လိုခဲ့ရင်…………..………………..
နေရာလွှဲ..သည်းထန်ပါ့မယ်
…………………
အငြိုးတွေနဲ့မိုး….
.သင့်အား….
……………….တဘ၀…မငိုစေချင်ခဲ့ပါ။
မိုး ကျေးဇူးပါပဲ ခံစားချက်နဲ့ အရမ်းတိုက်ဆိုင်လွန်းတဲ့ ကဗျာတွေ ဖန်တီးပေးခဲ့လို့….။
အရမ်းကြိုက်တယ် မိုး ရေ…။