$$$ ရင်ရဲ့စည်း $$$
$$$.သူရယ်လိုက်လျှင်၊ စွဲချစ်ချင်ဖွယ်
ဖွေးစင်ဖြူနု၊ ပုလဲဥသို့
ဆွဲညှို့ရင်အေး၊ သွားတတ်ကလေး…။
$$$.သူပြုံးလိုက်လျင်၊ နုပါးပြင်ထက်
ချိုင့်ဝင်ခွက်သော၊ မြင်သူစွဲမက်
ပါးချိုင့်ခွက်ကလေး…..။
$$$.သူကြည့်လိုက်လျှင်၊ ရွှန်းလဲ့ရွှင်၍
မြင်သူဘဝင်၊ လှုပ်ခတ်ထင်သော
ရင်ခွင်ငြိစွန်း၊ ညှို့မျက်ဝန်းလေး………။
$$$.သူမူလိုက်လျင်၊ ချွန်စူတွန့်ရမ်း
ပန်းသွေးလွှမ်းသည်၊ ငုံ့နမ်းချင်စရာ
နှုတ်ခမ်းလွှာလေး….။
$$$.သြော်……………
လှမျိုးစုံစွာ၊ လှမာယာနှင့်
ကဗျာလက်မှိုင်၊ သူ့စတိုင်ကို
ငေးငိုင်ရင်ဖို၊ ချစ်စိတ်ယို၍
ပိုင်လိုအချစ်၊ ရင်မှာဖြစ်လည်း
စင်စစ်တကယ်၊ ပြောမလွယ်သည်
ငယ်ငယ်တည်းက သူငယ်ချင်း…….။
ဥယျာဉ်မှူးလို ငါ့ချစ်ခြင်း…….။
အလှကြည့်ကာ မြတ်နိုးရင်း…….။
Comment #2
..မိုက်တယ်…အားပေးသွားတယ်
Comment #4
he,,he,,
words & feeling are so much nice
Comment #1
လှမျိုးစုံစွာ၊ လှမာယာနှင့်
ကဗျာလက်မှိုင်၊ သူ့စတိုင်ကို
ငေးငိုင်ရင်ဖို၊ ချစ်စိတ်ယို၍
ပိုင်လိုအချစ်၊ ရင်မှာဖြစ်လည်း
စင်စစ်တကယ်၊ ပြောမလွယ်သည်
ငယ်ငယ်တည်းက သူငယ်ချင်း…….။
ဥယျာဉ်မှူးလို ငါ့ချစ်ခြင်း…….။
အလှကြည့်ကာ မြတ်နိုးရင်း…….။