ကျွန်တော်နဲ့  မိုး…… (မိုးထက်အောင်)
ဝး၀၀ နင်က မိုးဆိုလည်း
(ဒီကောင့်ကမ္ဘာမှာ……..)
မိုးကျင့် မိုးကြံတော့ ကြံပေးပါ။
ဝး၀၁ မိုးဖြူလည်းမရွာ မိုးမည်းလည်းမသည်း
(ဒီမှာ………..)
ရင်ဘတ်လည်းခြောက်ကပ်အက်ကွဲတော့မယ်။
ဝး၀၂ နတ်သမီးရွာတဲ့မိုးမှာ
တကယ်အငြိုးမပါခဲ့ဘူးဆိုလည်း
ဒီကောင်လေးရဲ့အိမ်မက်
(ရွှဲရွှဲစိုသွားအောင်…….)
နင့်နင့်နဲ နဲ ရွာ………………။
ဝး၀၃ ကျိန်စာပြယ် မိုးနဲ့ 
ဒီရင်ဘတ်လေးကို ပျိုးပေးပါ
အမြတ်တနိုး တောင်းဆိုတယ်…….။
ဝး၀၄ ဒီကောင်းကင်မှာ……….
ဒီမိုးလေးပဲရှိခဲ့တာ
ဘာလို့ အငြိုးတွေ မပြင်ချင်ရတာလဲဗျာ…….
………………………………………………………….
(ကျွန် တော့် ကို ပြော ပြပါ………………………….)။
မိုးထက်အောင်
Comment #2
မိုးဖြူလည်းမရွာ မိုးမည်းလည်းမသည်း
(ဒီမှာ………..)
ရင်ဘတ်လည်းခြောက်ကပ်အက်ကွဲတော့မယ်။
ကိုမိုးထက်အောင်….အားပေးနေပါတယ်။
Comment #1
မိုက်တယ်ဗျာ..အားပေးသွားတယ်..ဦးလေး