ငြိမ်သက်စွာခရီးသွားသူ
ငါ့ခြေလှမ်းတိုင်းသာ ရွှေဖြစ်ခဲ့ရင်
စင်္ကြာဝဠာမှာ ငါအချမ်းသာဆုံးဖြစ်မယ်
ဒါပေမယ့်…….ငြိမ်သက်စွာခရီးသွားသူ (လှုပ်ရှားမှုမဲ့)
နေ့ရောညပါ နှစ်သက်သူအတွက်
အိပ်စက်ချိန်ဘယ်မှာလဲ…
ရှေ့သွားလျှင်နောက်ရောက် နိယာမအတွက်
ဒီကမ္ဘာပေါ်မှာ ငြိမ်သက်ရင်း
သဘာဝအလင်း အမှောင်ကို ခံစားမယ်
အတွေးတွေရေလျှံလွန်းလို့
ကိုယ်စောင့်နတ်က တောင်းပန်တိုးလျှိုးတယ်
မျက်လွှာအဖွင့် ပိတ်မှိတ်ရန်အသင့်
အိပ်စက်မှုနှင့် နိုးထဖို့အသင့်
အထက်ကိုမြင့် ပြန်ကျရန်အသင့်
ဆန့်ကျင်ခြင်းကွင်းပြင်စ ၊
င့ါမှာပြည့်ဝလျှက် ငတ်မွတ်ဆဲ
ဆက်လှမ်းဆဲ………
လှမ်းနေမြဲ…………
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
တကယ် နှစ်သက်မိပါတယ် အစ်ကို……..
ကျွန်တော်တို့က တကယ်ပဲ ငြိမ်သက်စွာခရီးသွားသူတွေပါ……
အစ်ကို့ကိုတော့ ကျွန်တော် တော်တော် ခင်နေပြီ……..
အစ်ကို့ ကဗျာတွေကို ကျွန်တော် အမြဲတမ်း …….သတိရနေမှာပါ………။