လမ်း (sharon )
ကြေကွဲမှုတွေနဲ့  စတင်ခဲ့
အချစ်နဲ့  သံယောဇဉ်
သွေးလှည့်ပတ်မှုတွေလည်းရပ်တန့်ကုန်ပြီ
ကမ်းနှင့်နီးဖို့ 
ကူးခတ်လိုက်တိုင်း
ရင်ဘတ် တစ်စုံရဲ့ တောင်းဆိုချက်က ရသတွေမဲ့နေပြီ
ရောင့်ရဲနိုင်ခြင်း
အဲဒါအချစ်တဲ့ လား
အိပ်မက်တွေကောင်းဖို့ တစ်ခုတည်းနဲ့ 
ဘဝတွေကိုရောင်းပစ်နေကြတယ်
သေဆုံးခြင်းမှာ
အလွှာလေးခြားပြီးတော့ပဲ
ငါတို့ 
ရင်ဘတ်ကြွေနေကြရတာပါ..
အသက်ရှုလိုက်ရင်
ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ ပိုပို များလာတယ်
အသုံးမဝင်တော့တဲ့ အချစ်တွေကို
အဆိပ်ဖော်နေမိတယ်….
အိပ်မက်
မျှော်လင့်ချက်
ဘဝ
အချစ်
အမုန်း
အာလုံးကို ဖမ်းဆုပ်လွှင့်ပစ်ချင်မိတယ်..
ခဏခဏ နှုတ်ဆက်ထွက်ခွာသူနဲ့ 
ခဏခဏ နှုတ်ဆက်ခြင်း ခံနေရသူကြား မှာ
လမ်း………..
မိုင်တွေ ဝေးလာတယ် ….
ရှာရွန်
Comment #2
အဲဒါအချစ်တဲ့ လား
အိပ်မက်တွေကောင်းဖို့ တစ်ခုတည်းနဲ့ 
ဘ၀တွေကိုရောင်းပစ်နေကြတယ်
အဲ့စာသားလေး.ကောင်းတယ်…….ကြိုက်တယ်။
Comment #5
ရောင့်ရဲနိုင်ခြင်း
အဲဒါအချစ်တဲ့ လား
အိပ်မက်တွေကောင်းဖို့ တစ်ခုတည်းနဲ့ 
ဘဝတွေကိုရောင်းပစ်နေကြတယ်
ဒီစာသားလေးကိုပိုကြိုက်တယ်။စာသားသုံးထားတာတွေကောင်းတယ် အမ
အားပေးသွားပါတယ်။
Comment #1
ကျွှန်တော်ချက်လေးကအားပေးနေပါသည်…………။