“နင်” မပြောခဲ့ပါဘူး(genius)
အလှဆုံးပန်းတွေပွင့်ဝေ
ဥယျာဉ်ကျယ်တစ်ခု
လက်ဆောင်ပေးပါလို့
“နင်” မပြောခဲ့ပါဘူး။
မြတ်နိုးခြင်းတွေဝန်းရံ
အချစ်ဗိမာန်တစ်ခု
ဖန်ဆင်းပေးပါလို့
“နင်” မပြောခဲ့ပါဘူး။
အချစ်များစွာရှင်သန်
မပြောင်းလဲမယ့်မေတ္တာနဲ့
ငါ့ဆီပြန်လာခဲ့မယ်လို့
“နင်” မပြောခဲ့ပါဘူး။
ချစ်ပါလို့
“နင်” မပြောခဲ့သိလို
လမ်းခွဲမယ်လို့လဲ
“နင်” မပြောခဲ့ပါဘူး။
“နင်” မပြောခဲ့ပါဘူး။
ဘာဆို….ဘာမှ
“နင်” မပြောခဲ့ဘူး။
Comment #3
ချစ်ပါလို့
“နင်” မပြောခဲ့သိလို
လမ်းခွဲမယ်လို့လဲ
“နင်” မပြောခဲ့ပါဘူး။
“နင်” မပြောခဲ့ပါဘူး။
ဘာဆို….ဘာမှ
“နင်” မပြောခဲ့ဘူး။………………….
Comment #4
ကျနော်လည်း ဘာမှ မပြောခဲ့တော့ဘူး…
နင် မပြောခဲ့ဘူးဆိုတာလေးက မိုက်တယ်ကွ.. အားပေးပါသည်။
Comment #5
ချစ်ပါလို့
“နင်” မပြောခဲ့သိလို
လမ်းခွဲမယ်လို့လဲ
“နင်” မပြောခဲ့ပါဘူး။
ဘာဆို….ဘာမှ
“နင်” မပြောခဲ့ဘူး။
အားပေးသွားတယ်နော်….။
Comment #8
ဘာမှမပြောတော့…ပိုကောင်းတာပေါ့.
အားပေးနေပါတယ်။
Comment #9
if so,n u?
did u tell her?
did u let her know how much u like her?
he,,he,,
nice poem par.
Comment #10
အားပေးတဲ့သူငယ်ချင်းများအားလုံးကျေးဇူးတင်ပါတယ်။
Comment #11
မပြောတာပိုဆိုးတာပေါ့
Comment #1
ဘာဆို….ဘာမှ
“နင်” မပြောခဲ့ဘူး။
ကြိုက်တယ်..အားပေးနေမယ် မောင်လေး