လမ်းမမည်သော လမ်း
နေက
လူတွေရဲ့စံကို မီအောင်
ကိုယ့်ကိုယ်ကို လောင်မီးတိုက်နေတယ်
လမ်းက မာယာများလွန်းတယ်
ခဏခဏ ကင်ပွန်းအတတ် ခံထားပေမယ့်
ဒီလမ်းနဲ့ ဒီခရီးပဲလေ . . .
ဟိုး ..ရှေ့က
တံလျှပ်တွေကို မျှော်ကြည့်ရင်း
လမ်းမမည်တဲ့ လမ်းကို လျှောက်
အရိပ်မဲ့ သစ်ပင်ကြီးအောက်က
ရှောင်ဖယ်ပြီး
ခယောင်းလမ်းကိုကြိုက်တာ
လူမိုက်တဲ့လား
ဂျိုးကူ သံ သဲ့သဲ့ကို
ကြားမိသလိုပေမယ့်
မသေချာဘူး
ထက်အောက်ဝဲနံက လာတဲ့
လေပြေအသံကိုလည်း
စိတ်သေလက်ချ
မရှူရှိက်ရဲသေးဘူးလေ
တလှမ်းလှမ်းတိုင်း
ဆူးတစ်ခါဆူးတော့
ငါ့ခြေထောက်တွေလဲ
မရှိတော့ဘူး ထင်ပါရဲ့
ထားလိုက်ပါ
ဒီသွေးတွေ ဒီမြေပေါ်ကျတာ
ဒီတစ်ခါတည်းမှ မဟုတ်တာ
နေကွယ်ချိန်စောင့်နေတဲ့
လမင်းနဲ့ ကြယ်တာရာတွေက
ငါတို့ကို လမ်းပြဖို့
တလက်လက်လင်းနေလေရဲ့
နဘေးအဖေါ်နဲ့ အတွေးခြင်း
ထပ်တူ အကျမှာ
အဝေးက ဂျိုးကူသံကို
ကြားဖြစ်အောင် ကြားလိုက်ရသေးတယ် . . .
Comment #4
ခဏခဏ ကင်ပွန်းအတတ် ခံထားပေမယ့်
ဒီလမ်းနဲ့ ဒီခရီးပဲလေ . . .
ထက်အောက်ဝဲနံက လာတဲ့
လေပြေအသံကိုလည်း
စိတ်သေလက်ချ
မရှူရှိက်ရဲသေးဘူး
ဒီသွေးတွေ ဒီမြေပေါ်ကျတာ
ဒီတစ်ခါတည်းမှ မဟုတ်တာ
အဝေးက ဂျိုးကူသံကို
ကြားဖြစ်အောင် ကြားလိုက်ရသေးတယ် . . .
:):):):)
Comment #1
နေကွယ်ချိန်စောင့်နေတဲ့
လမင်းနဲ့ ကြယ်တာရာတွေက
ငါတို့ကို လမ်းပြဖို့
တလက်လက်လင်းနေလေရဲ့…:)
မျော်လင့်ချက်ရောင်ခြည်ဆိုတာတောထဲမှာလမ်းပျောက်နေရင်တောင်မှ ကျွန်တော်တို့မုချတွေ့ရမယ်မဟုတ်လား…။ ဘ၀မှာနေပျော်စရာတွေနဲ့ ပြည့်စုံနေတဲ့အချိန်ဆိုတာလည်းမုချရှိဦးမှာပါ…။