ရင်တွင်းစကား ချစ်သူကြားစေ…….
ချစ်စရာကောင်းသူလေးရေ…
ငါ့ရင်ခွင်မှာလေးနက်စွာခံစားနေရတယ်
မင်းမှမရရင် ငါ့ဘဝမသာယာနိုင်ပါ…..။
လှရက်နိုင်သူလေးရေ…
လူတကာအသည်း ညှို့ယူစွဲလို့ရပေမယ့်
ငါ့အသည်းကိုတော့ မပြုစားရဘူးနော်…….။
အသက်တမျှချစ်ရသူလေးရေ…
မင်းကငါ့ကိုမသိပေမယ့်
မင်းကိုချစ်တဲ့လူ ဒီလောကမှာ
ငါရှိနေတယ်ဆိုတာ မင်းသိအောင်ပြောမယ်နော်….။
စွဲမက်စရာကောင်းသူလေးရေ…
မင်းခေါင်းညှိတ်ဖို့မျှော်လင့်ရင်းနဲ့
ငါချစ်ခွင့်ပန်စကား ပြောကြားချင်တယ်ကွာ……။
နတ်မိမယ်လို လှသူလေးရေ…
မင်းနှုတ်ခမ်းထက်က
အချစ်ပန်းလို ပွင့်လန်းမယ့်
အနမ်းတစ်ပွင့်နဲ့ လက်ကမ်းကြိုနေပါလားကွယ်……..။
ဇော်သက်ဦး
Comment #7
မောင်လေး အစ်မ ဖတ်သွားတရ်နော့.. ကောင်းတဲ့ကဗျာလေးပါ..
အသက်တမျှချစ်ရသူလေးရေ…
မင်းကငါ့ကိုမသိပေမယ့်
မင်းကိုချစ်တဲ့လူ ဒီလောကမှာ
ငါရှိနေတယ်ဆိုတာ မင်းသိအောင်ပြောမယ်နော်….။ အကြိုက်ဆုံးစာသားလေးပါ.. ဆက်အားပေးနေတရ်..
comz ရေးတဲ့ “တစ်စုံတစ်ရာ” .. သိစေချင်တရ်..
မမက ဇော်သက်ဦးကဗျာဖတ်ပရိတ်သတ်ပါ.. ကဗျာဖတ်နေတဲ့သူက မင်းရဲ့ comz ဖတ်လိုက်ရတော့ တခြားသူအတွက်.. စိတ်အနှောက်အယှက်ဖြစ်သွားစေတရ်.. သူရေးတဲ့ကဗျာကိုဖတ်တဲ့ပရိတ်သတ်အပေါ်
သူ comz replies များတာက သူ့ရဲ့ကျေးဇူးတင်ချင်တဲ့စိတ်များလို့ဖြစ်တာလို့ နားလည်ပေးစေချင်တရ်..
comz ဆိုတဲ့အဓိပ္ပါယ်က ဘလော့ခ်ရေးတဲ့သူရဲ့ ခံစားချက်ကို ဖတ်ပြီး ဝေဖန်ရတာပါ… ကောင်းသည်ဖြစ်စေ.. ဆိုးသည်ဖြစ်စေ.. ဘလော့ခ်ပေါ်မှာပဲ ဝေဖန်သင့်တရ်လို့ထင်တရ်… ကိုယ်ရေးကိုယ်တာခံစားချက်ဖြစ်စေ ရှိခဲ့ရင် ဇော်သက်ဦး A/C profile မှာရှိတရ်… gtalk ထဲမှာအက်ပြီးပြောလိုက်ပါ.. ကဗျာထဲမှာတော့ မရေးသင့်ဘူးထင်တရ်လို့ အကြံဥာဏ်ပေးချင်တရ်..
Comment #8
ဘယ်လိုပဲစိတ်နဲ့ရေးတဲ့ကွန်မန့်ဖြစ်ပါစေ …
ကာယကံရှင်ခွင်ပြုချက်မရှိပဲနဲ့ ဖျက်လိုက်တာတော့ ကဗျာရေးတဲ့လူတစ်ယောက်ရဲ့စရိုက်နဲ့တခြားစီလိုပဲ
ကဗျာပဲရေးရေး… စာပဲရေးရေး ဝေဖန်တာကိုခံနိုင်ရည်ရှိရမှာပေါ့
သူ့ထက်မကတော်တဲ့သူတွေတောင် ဝေဖန်တာကိုတကူးတကကြိုဆိုနေသေးတာ..
မဟုတ်ရင်မဟုတ်တဲ့အကြောင်းပြန်ပြောရုံပါပဲ…
ဖျက်ဖြစ်ဖို့လောက်ထိတော့မလိုဘူးထင်တယ်နော်….
Comment #11
သည်ကဗျာကိုကျွန်တော်ကြည့်ရင်
အခုသည်ကဗျာကအရမ်းကြီးကောင်းတဲ့ကဗျာလည်းမဟုတ်ပါဘူး
စကားလုံးတွေသိပ်မပီပြင်သေးဘူး (ကဗျာကို အမြင်အတိုင်းသာဝေဖန်ခြင်းဖြစ်သည် ပုဂ္ဂလိက ခံစားချက်များမပါပါ)
အနုပညာသမားတိုင်း ကိုယ့်အပေါ်ဝေဖန်မှုကို အဆိုးမြင်သဘောနဲ့မဖတ်သင့်ပါဘူး…ကျွန်တော်လည်း အဝေဖန်ခံရဖူးတယ် အစ်မ “စန္ဒီ” အစ်မတို့က ကဗျာမဖတ်ခင် ကွန့်မန့်ကိုအရင်ဝင်ဖတ်သူတွေလား ဒါဆိုရင် အစ်မတို့က ကဗျာကိုအလေးမထားတာဘဲ တင်ထားတဲ့သူက ကဗျာကိုဖတ်စေချင်လို့တင်ထားတာပါ ဝေဖန်ချက်ကိုလက်မခံရင်တော့ အနုပညာသမားမဟုတ်ပါဘူး ကျွန်တော်အနုပညာသက်တမ်း တစ်နှစ်ကျော်ပဲရှိသေးတယ် အစ်ကိုတို့ရဲ့ အသက်နဲ့ ကျွန်တော့်အသက်နဲ့ယှဉ်ရင် အကွာကြီးကွာပါတယ် ကိုယ့်ထက်ငယ်တဲ့သူတောင် ဝေဖန်ချက်ကို လေးစားစွာလက်ခံသေးတာပဲ ကိုယ့်ထက်ငယ်တဲ့သူလောက်တောင်မရင့်ကျက်ရင်တော့……….
Comment #13
ခင်ဗျားက 18လား လုပ်နေတာတွေက 21 22 လားတောင် အောက်မေ့၇တယ်…
ကျွန်တော်က ခင်ဗျားထက်တောင် ငယ်ပါသေးတယ်ဗျာ…ခုဆို၇င်…ခင်ဗျားအကြောင်း..ဆိုက်က လူတွေ အကုန်သိကုန်ပြီ ဗျ….ခင်ဗျားတက်လာ၇ဲသေးတယ်နော်။။။၇ှကိတတ်၇င် လဲသေဖို့တောင်ကောင်းတယ်….ကျွန်တော်ကတော့ ၇ှိနေဦးမှာပဲ…အ၇င်တုန်းကလဲ ၇ှိသလို ခုကော နောင်ကော ၇ှိနေဦးမှာပဲ…
Comment #15
အပြောကတော့အရမ်းကောင်းပါတယ် အလုပ်မဟုတ်တာခက်နေတယ်ဗျ မဟုတ်တာမလုပ်ဘူးဆိုတာဘယ်လိုအထာနဲ့သုံးလိုက်တာလဲ အကို့ကိုတစ်ခုလောက်မေးချင်လို့ပါ အကိုကကိုယ့်ကိုထားသွားတဲ့ကောင်မလေးတွေအကြောင်းပဲရေးတယ်နော် ယောက်ျားတစ်ယောက်ကအဲလောက်မချစ်တတ်ပါဘူး ဟုတ်တယ်မဟုတ်လား
Comment #17
ကျွန်တော့စကားထဲမှာအကို့ကိုအမြင်မှန်ရစေတဲ့စကားပါသွားတာကို ကျွန်တော်တောင်အခုမှသိတယ်ဗျ ကျွန်တော်ကဘာရယ်တော့မဟုတ်ပြောလိုက်တာပါ
Comment #23
ဝေဖန်ချက်တွေကိုလက်ခံတယ်ဆိုတဲ့အတွက်ကျွန်တော်ဝမ်းမြောက်ရပါတယ် အစ်ကိုကအခုမှ ၁၈နှစ်ပြည့်တယ် ကျွန်တော်က ၁၆နှစ်ပဲရှိသေးတယ်း) အနုပညာသမားတစ်ယောက်အတွက်ဝေဖန်မှုဆိုတာ အားပြုရတဲ့တောင်ဝှေးတစ်ခုနဲ့တူပါတယ် ဝေဖန်ချက်တွေကိုနားထောင်ပြီးမှ ကိုယ်လိုအပ်နေတာတွေကို သေချာပြုပြင်နိုင်တာပေါ့ဗျာ ဟုတ်တယ်မလား ကျွန်တော်က တစ်ဇွတ်ထိုးတော့နည်းနည်းဆန်တတ်တယ်ဗျ ပြောစရာရှိရင် ဟောဟောဒိုင်းဒိုင်းပြောတတ်တဲ့အကျင့်ရှိနေလို့ဗျ ဝေဖန်တာလွန်သွားရင်တော့ဆောရီးပါ ကျွန်တော့်ကဗျာတွေဆိုရင် လိုအပ်ချက်တွေအများကြီးရှိနေတာပဲ ဝေဖန်မှုတွေကိုအစဉ်တစိုက်နားထောင်ရင်းနဲ့ပဲ ပြုပြင်လာလိုက်တာ ကျွန်တော့်ကဗျာတချို့ ဆိုရင် တန်းဝင်လာပြီး) အစ်ကိုတို့ဆိုရင်လည်း တောက်မည့်မီးခဲတရဲရဲဆိုသလိုပဲပေါ့ တောက်ပနိုင်ဦးမယ့်သူတွေပါ အနာဂတ်မှာ သည့်ထက်ပိုတောက်ပနိုင်ပါစေ
Comment #1
မင်းကိုချစ်တဲ့လူ ဒီလောကမှာ
ငါရှိနေတယ်ဆိုတာ မင်းသိအောင်ပြောမယ်နော်….။
အားပေးသွားပါတယ်။