ချစ်တယ်အမေ
ကျွန်တော့်ဘဝ
ငယ်စဉ်က
အမေ့ရဲ့စကား
ရင်ထဲထားပြီး
အမေပြောသမျှ
ဖြစ်အောင်လုပ်ခဲ့တယ်
အခုတော့
အမေက
ကျွန်တော့်ကို
လမ်းညွှန်မှု
မပေးတော့ဘဲ
လောကကြီးထဲ
တစ်ယောက်တည်း
ယုံကြည်စိတ်ချထားခဲ့တယ်
အမေရယ်
သားအရမ်းဝမ်းနည်းတယ်
အခုတော့
အမေဖြစ်ချင်တဲ့
သူတစ်ယောက်ဖြစ်နေပြီလေ
အမေမမြင်နိုင်တော့ဘူးပေါ့
အမေ့ကိုမမြင်နိုင်အောင်လုပ်တဲ့
သေမင်းကို
သားရဲ့ရှေ့မှာတွေ့ခဲ့ရင်
အမေ့အတွက်
လက်စားခြေပေးမယ်………….”အမေ”
အမေ့ရဲ့အချစ်ဆုံးသား………….စိုး
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အမေ့ကိုမမြင်နိုင်အောင်လုပ်တဲ့
သေမင်းကို
သားရဲ့ရှေ့မှာတွေ့ခဲ့ရင်
အမေ့အတွက်
လက်စားခြေပေးမယ်………….”အမေ”..။
အရမ်းကောင်းပါတယ်…။
ကျွန်တော်လည်း အမေကိုချစ်တဲ့သူတစ်ယောက်ဆိုတော့ ခံစားပေးလိုက်ပါတယ်…yelaylover2010..။