လွမ်းပြန်ပြီဗျို့ ( လူဆိုး )
လွမ်းတယ် … ချစ်သူ
တိမ်ပြာညိုညို ညနေကိုရောက်ရင်လည်း
လွမ်းတယ် … ချစ်သူ
လေပြေငယ်ဆော့မြူး တစ်သုန်တစ်သုန်ဖြူးတိုင်းလည်း
လွမ်းတယ် … ချစ်သူ
ပြိုတော့မလိုနဲ့ အုံမှိုင်းလာတဲ့ တိမ်တွေညို့မှိုင်းလာရင်လည်း
လွမ်းတယ် … ချစ်သူ
ဟိုတစ်ပေါက်ဒီပေါက်နဲ့၇ွာချနေတဲ့ မိုးစက်လေးတွေမြင်တိုင်းလည်း
လွမ်းတယ် … ချစ်သူ
ပန်းကလေးတွေမြေခတာကိုကြည့် ထိုင်ငေးတိုင်းလည်း
လွမ်းတယ် … ချစ်သူ
သစ်ရွက်ခြောက်လေးတွေ လေပြေနဲ့ကမြူးတာတွေ့တိုင်းလည်း
လွမ်းတယ် … ချစ်သူ
တစ်နေကုန်လို့ တစ်မိုးသောက်လာရင်လည်း
လွမ်းတယ် … ချစ်သူ
ကျေးငှက်လေးတွေပျော်မြူးလို့ တစ်ကြူကြူအော်မြည်တိုင်းလည်း
လွမ်းတယ် … ချစ်သူ
ညအခါကောင်းကင်က ကြယ်လေးတွေကြွေကျတာကို မြင်တိုင်းလည်း
လွမ်းတယ် … ချစ်သူ
လွမ်းတယ် … ချစ်သူ
ရင်ထဲကနေ စိတ်သွားတိုင်း ရှည်လျားဖားဝေနေတက်တဲ့အလွမ်းတွေကို
အချိန်မှီ …………. ရိတ်သိမ်းပေးပါတော့ ………. ချစ်သူရယ် ….နော် ။
Comment #5
လွမ်းတယ်..ချစ်သူ
လွမ်းတယ်..ချစ်သူ
လွမ်းတယ်..ချစ်သူ
မိုက်တယ်ဗျာ
Comment #1
ရင်ထဲကနေ စိတ်သွားတိုင်း ရှည်လျားဖားဝေနေတက်တဲ့အလွမ်းတွေကို
အချိန်မှီ …………. ရိတ်သိမ်းပေးပါတော့ ………. ချစ်သူရယ် ….နော် ။
လူဆိုး….အားပေးသွားပါတယ်။