တနေ့နေ့တချိန်ချိန်
တို်က်ဆိုင်မှုတွေနဲ့ စခဲ့တဲ့
မတိုက်ဆိုင်သောဖြစ်ရပ်တစ်ခု
ဘယ်သူများ ရက်ရက်စက်စက် ပြုစုခဲ့တာလဲ…
ပြင်ဆင်မှုအားနည်းချက်တွေကြောင့်
ပြောမထွက်တဲ့စကား
မင်းမျက်လုံးတွေက ကြားဖြစ်အောင်ကြားခဲ့တယ်..
ဆိုက်ပရပ်စ်လမ်းမဟုတ်တဲ့အရပ်မှာ
ကိုယ့်ရင်ခုန်သံ ကိုယ်ပြန်ရှာရင်း
မျက်စောင်းအစင်းစင်းနဲ့ပစ်ခတ်
ငါ့ နှလုံးသားကို နင် တက်သိမ်းခဲ့တယ်…
ညညဆို ပက်လက်မျော
မင်း တယောသံကို လွမ်းရင်း
ကြယ်တွေ ရေဆင်းသောက်တာကိုကြည့်
မိုးလင်းခဲ့ရတာတွေရှိတယ်…
အတူတူချင်းရောက်ခဲ့တာတောင်
နောက်ကျတယ်လို့ ပြောခံခဲ့ရတဲ့ကောင်ပါ.
စည်းချက်တွေမှားတဲ့ နာရီမှာ
အိပ်မက်တွေ ပြာဖြစ်ခဲ့ရ
မာယာတေးတစ်ပိုဒ်အတွက်
ကျေးဇူးတင်လွှာ ထပ်နေတုန်းပေါ့…
မင်းလင်းပါစေ အသိနဲ့
ငါ့ကိုယ်ငါညှိ
လမ်းပြမိတာတခုတည်းနဲ့
အပြစ်ရှိခဲ့တယ်..
ရပါတယ်……
ဗန်ဂိုး ရဲ့ ကြယ်တွေစုံတဲ့ည
နစ်ရှေးရဲ့ ပင်လယ်ဝမှာ
မာယာကော့ဗ်စကီးနဲ့ အရက်သောက်ရင်း
မင်းရဲ့ပြန်လာခြင်းကိုစောင့်မယ်…
အာလူးစားတဲ့သူတွေဆီက
အဲဒီမျက်လုံးတွေခွာချထားခဲ့
မင်းရဲ့ သ၀ဏ်လွှာမှာ
မိုနာလီဇာ အပြုံးတစ
ငါမြင်ခွင့်ရချင်ပါရဲ့….
Comment #2
သိပ်မိုက်ဗျာ…လက်ကောင်းတယ်
Comment #5
“အတူတူချင်းရောက်ခဲ့တာတောင်
နောက်ကျတယ်လို့ ပြောခံခဲ့ရတဲ့ကောင်ပါ.
စည်းချက်တွေမှားတဲ့ နာရီမှာ
အိပ်မက်တွေ ပြာဖြစ်ခဲ့ရ
မာယာတေးတစ်ပိုဒ်အတွက်
ကျေးဇူးတင်လွှာ ထပ်နေတုန်းပေါ့…”
Nice word ,Nice Poem
Comment #7
har,,,,,,,,,,har,,,,,,
lone wa mike de words tway pe.
Comment #8
ကောင်းပါတယ်။အားပေးသွားပါတယ်။
Comment #10
he,,he,,
i feel that virus’s mind is strong.am i right poem.poem28?
i wonder why is he unbrave 2 propose?
ha,,ha,,
Comment #1
မှေက်ရက်မျောချင်ရင်တော့…ဒိုက်ထိုးပေါ့…ကောင်းပါတယ်…ကဗျာက…လူကတော့….