ချစ်ခြင်းကဖန်ဆင်းတဲ့ “ နံနက်ခင်း ” ( လူဆိုး )
ချစ်ရေ …..
ကိုယ့်ချစ်ခြင်းရဲ့ တောင်ပံနှစ်ချပ်နဲ့
မမောနှိုင် မပန်းနှိုင်နဲ့ ပျံသန်းလာတဲ့ ငှက်ကလေး
ချစ်အိမ်ရဲ့ ပြတင်းဝမှာ
ချစ်ကို တေးဆိုပြနေလေရဲ့ …
သာယာဖွယ်နံနက်ခင်းတေးပါ …….. ချစ်သူ
ငှက်ကလေးတွေတေးဆိုနေပြီ
ထတော့လေကွယ် ….. ချစ်ရယ်
( ကို့အချစ်တွေကို ) ..
မမောနှိုင်မပန်းနှိုင် တေးစပ်ဆိုရင်း
အော်ဟစ်နေရှာတဲ့ ငှက်ကလေးဆီက
ကို့အချစ်ရဲ့ … သီချင်းကို
နားဆင်ကြည့်လိုက်ပါအုံး …
အပြုံးနှင့်ပေါ့နော် …… ချစ်သူ
ချစ်ရေ ….
မန္တလာ တောင်ထိပ်က
ထွက်ပေါ်လာတဲ့ သူရိန်နေမင်း
ကို့ချစ်ခြင်းတွေ သယ်ဆောင်လာရင်း
ချစ်ကို ကြိုဆိုနေရှာလေရဲ့
မင်္ဂလာနံနက်ခင်းပါ … ချစ်သူ
ဓမ္မတေးသံ ဆူညံနေပြီ
ထတော့လေကွယ် …. ချစ်ရယ်
( ကို့အချစ်တွေကို ) ….
တစ်နင့်တစ်ပိုး ထမ်းပိုးရင်း
အပြုံးနဲ့ ငုံကြည့်နေရှာတဲ့
သူရိန်နေမင်းဆီက
ကို့အချစ်တွေကို လက်ခံယူလိုက်ပါအုံး
အပြုံးနှင့်ပေါ့နော် …… ချစ်သူ
လူဆိုးချစ်သူ ( ဇင်မီမီချစ် ) … မန္တလာသူလေးအတွက်
Comment #3
😛
😛
😛
Comment #1
( ကို့အချစ်တွေကို ) ….
တစ်နင့်တစ်ပိုး ထမ်းပိုးရင်း
အပြုံးနဲ့ ငုံကြည့်နေရှာတဲ့
သူရိန်နေမင်းဆီက
ကို့အချစ်တွေကို လက်ခံယူလိုက်ပါအုံး
အပြုံးနှင့်ပေါ့နော် …… ချစ်သူ
ကိုလူဆိုး..အားပေးသွားပါတယ်။