တကိုယ်ရေ ကြွယ်ဝခြင်းများ
အမှတ်ထင်ထင် ကောက်ရခဲ့တဲ့
မြို့ပြလယ်က
ကြယ်စင် တမ်းချင်းတစ်ပုဒ်ပေါ့…
ရွှေဝါရောင် အလင်းရိုက်ချက်တွေကြား
မှတ်သားမိခဲ့တာလေးတစ်ခု
နှစ်အခုခုတို့ ကြွေချိန်ထိ အလွတ်ရနေရဲ့
အဆူဆူသော ရာသီတွေ ခြေရှုပ်နေကြဆဲလေ…
ကူညီပါလို့မပြောဘူး
ငါ့ သံပတ်မကုန်ခင်မှာ
တထပ်တည်းကျချင်တာ တခုတည်းရယ်ပါ…
မိုးစက်တို့ လက်လက်ဝေေ၀
လေပြေညင်း တီးတိုးခြင်းရဲ့တဘက်မှာ
တိမ်ညိုတို့ စည်းရိုးပျက်
ကောင်းကင်အက်ကြောင်းက
ူသူမနာမည် လွတ်လွတ်ကျတဲ့ည
အားလုံးကို အိပ်မွေ့ချတယ်….
အစင်းစင်းသော မျက်စောင်းများ
အပြုံးပါးပါးလိမ်းတဲ့ မျက်နှာမှာ
ငါ လိုချင်တဲ့ ဖြူစင်မှုတစ်ရာ
ထည့်ပေးထားပါ….
စိတ်ကူးထဲက တစ်နေရာ
အရာရာ ကြည်လင်တောက်ပမယ့်နေ့တစ်နေ့
မင်းငါ့ကို မမေ့နိုင်တဲ့အကြောင်းတစ်ချက်
ငါ သောက်မယ့်ကော်ဖီတစ်ခွက်ထဲ
တသက်စာ ဖျော်ခတ်လိုက်ပါ ချစ်ရသူ…
Comment #2
စိတ်ကူးထဲက တစ်နေရာ
အရာရာ ကြည်လင်တောက်ပမယ့်နေ့တစ်နေ့
မင်းငါ့ကို မမေ့နိုင်တဲ့အကြောင်းတစ်ချက်
ငါ သောက်မယ့်ကော်ဖီတစ်ခွက်ထဲ
တသက်စာ ဖျော်ခတ်လိုက်ပါ ချစ်ရသူ…
goodတယ်။

Comment #4
လှတယ်။

Comment #5
လှတယ်။ ကောင်းတယ်။ ကြိုက်တယ်။

Comment #1
အစင်းစင်းသော မျက်စောင်းများ
အပြုံးပါးပါးလိမ်းတဲ့ မျက်နှာမှာ
ငါ လိုချင်တဲ့ ဖြူစင်မှုတစ်ရာ
ထည့်ပေးထားပါ….