ငါ့ကို….ခွင့်ပေးပါ(genius)
မင်းနဲ့ပြတ်စဲမယ်ဆိုတဲ့စကား
မင်းနဲ့လမ်းခွဲမယ်ဆိုတဲ့စကား
ဘယ်တော့မှပြောမှာ
မဟုတ်ဘူးလို့
တစ်ဖက်သတ်
ကြွေးကြော်ဖူးပါတယ်။
မင်းကိုစကားလုံး
ကြမ်းကြမ်းလေးနဲ့တောင်
သုံးနှုန်းခဲ့ဖူးလို့လား…?
ထားခဲ့လို့ဝမှ
lessonပေးတာဆိုပြီး
ပြောလို့ရရောလားကောင်မလေး။
မင်းကlessonပေးတာဆိုပေမယ့်
ငါ့အတွက်တော့
ရင်ဘတ်တစ်ခုလုံး
ကျိုးကြေသွားတယ်။
နားမလည်ခဲ့တာ
မဟုတ်ပါဘူး။
နားလည်ပေးဖို့
အင်အားမရှိတော့တာ။
နင်နဲ့ပက်သက်သမျှ
ဒူးထောက်အရှုံးပေးရတာများလို့
တစ်ခါတစ်လေ
မျက်နှာချင်းဆိုင်
ရပ်ခွင့်တော့ပေးပါ။
Comment #2
တကယ်တော်တဲ့ ကဗျာဆရာဗျာ……။
Comment #5
အားပေးတဲ့သူငယ်ချင်းများအားလုံးကျေးဇူးတင်ပါတယ်။
Comment #6
ထားခဲ့လို့ဝမှ
lessonပေးတာဆိုပြီး
ပြောလို့ရရောလားကောင်မလေး။
မင်းကlessonပေးတာဆိုပေမယ့်
ငါ့အတွက်တော့
ရင်ဘတ်တစ်ခုလုံး
ကျိုးကြေသွားတယ်။
အားပေးသွားပါတယ်ဗျာ….။
Comment #7
nice poem.
may b misunderstood each other.
whatever,the right thing will appear one day lay.
Comment #10
တခါတလေမျက်နှာချင်းဆိုင်တော့၇ပ်ခွင့်ပေးပါ……
Comment #1
နင်နဲ့ပက်သက်သမျှ
ဒူးထောက်အရှုံးပေးရတာများလို့
တစ်ခါတစ်လေ
မျက်နှာချင်းဆိုင်
ရပ်ခွင့်တော့ပေးပါ။……..သိပ်ကြိုက်