အကြီးဆုံးနဲ့ အကျယ်ဆုံးအချစ်
နက်မှောင်ခြင်းက နိမိတ်မကောင်းဘူးတဲ့
အမှောင်ထဲမှာ ပျော်နေတဲ့ငါကိုတော့
ကြောင်တောင်တောင် အရူးတဲ့…
မငြင်းပါဘူးကွယ်…
ရူးတယ်လို့ဆိုချင်ဆို
ရင်ခွင်ဦးမှာ ဆူးခဲ့တဲ့
မနှင်းဆီရဲ့ မာယာဆူးမှာ
ယစ်မူးလို့ မဆုံးသေးလို့ပါ…..။
တံငါသည်ရဲ့ လက်စွဲက
ပိုက်ကွန် နဲ့ ပလိုင်းဆိုရင်
ငါးမျှားတံကိုင်တဲ့သူက
တံငါသည် မဆိုထိုက်ပေဘူးလား..၊
ငါနားမလည်ခဲ့တာတွေအထဲမှာ
မင်းလေးလည်း အပါအဝင်ပေါ့ကွာ…။
တစ်ဖက်တည်းသောလက်နဲ့
တစ်ဦးတစ်ယောက်ရဲ့လက်ကို
ကျစ်လျစ်ယှက်စွာ ဆုပ်ကိုင်ခါဝယ်
အဘယ်သို့များ ထိုသူခံစားမည်နည်း..၊
ငါအတွက်တော့ ငါ့ရဲ့စင်စစ်အဖြစ်မှာ
ဖမ်းဆုပ်ကိုင်နိုင်စွမ်း
ကုန်ခမ်းနေခဲ့ရတာပေါ့…။
အကြီးဆုံးနဲ့ အကျယ်ဆုံးပြောပြရရင်
ဒီကမ္ဘာမှာ ရှိရှိသမျှအရာ
နှိုင်းကာပြသော်လည်း
တုနှိုင်းရာမရှိပြီ…၊
လောကမှာရှိသော
အကြီးဆုံးအရာထက်ပင်ပိုပါသည်။
အကျယ်ဆုံးအရာထက်ပင်ပိုပါသည်။ ။
ဇော်သက်ဦး
Comment #2
ကဗျာက နားလည်ရလွယ်တရ်…… ကောင်းတရ်…
ဒီအပိုဒ်က အမ အကြိုက်ဆုံးစာသားလေးဘဲ….
တံငါသည်ရဲ့ လက်စွဲက
ပိုက်ကွန် နဲ့ ပလိုင်းဆိုရင်
ငါးမျှားတံကိုင်တဲ့သူက
တံငါသည် မဆိုထိုက်ပေဘူးလား..၊
ငါနားမလည်ခဲ့တာတွေအထဲမှာ
မင်းလေးလည်း အပါအဝင်ပေါ့ကွာ…။
တစ်စုံတယောက်ကို နားလည်ဖို့က တကယ်မလွယ်ခဲ့ဘူးဆိုတာ…
အမကိုယ်တိုင်လည်း လက်တွေ့ခံစားခဲ့ရလို့ အမရဲ့ စိတ်နဲ့ခံစားဖတ်သွားတရ်နော်..
အားပေးခဲ့တရ်မောင်လေး…

Comment #6
wow………..
lay sar par de.

Comment #7
i like borh title n poem.

Comment #1
တံငါသည်ရဲ့ လက်စွဲက
ပိုက်ကွန် နဲ့ ပလိုင်းဆိုရင်
ငါးမျှားတံကိုင်တဲ့သူက
တံငါသည် မဆိုထိုက်ပေဘူးလား..၊
ငါနားမလည်ခဲ့တာတွေအထဲမှာ
မင်းလေးလည်း အပါအဝင်ပေါ့ကွာ…။
တစ်ဖက်တည်းသောလက်နဲ့
တစ်ဦးတစ်ယောက်ရဲ့လက်ကို
ကျစ်လျစ်ယှက်စွာ ဆုပ်ကိုင်ခါဝယ်
အဘယ်သို့များ ထိုသူခံစားမည်နည်း..၊
ငါအတွက်တော့ ငါ့ရဲ့စင်စစ်အဖြစ်မှာ
ဖမ်းဆုပ်ကိုင်နိုင်စွမ်း
ကုန်ခမ်းနေခဲ့ရတာပေါ့…။