ဖြေဆေး ( လူဆိုး )
ချစ်သူရေ ….
“ ခံစားခွင့် ” ဆိုတာ ကိုပိုင်တယ်ဆိုပေမဲ့
ချစ်သူရဲ့ “ အပြုံး” နဲ့မလွတ်ကင်းတဲ့ ပဲ့တင်သံတစ်ခုပါ ….
“ အလွမ်း ” ဆိုတာတော့သင်ကြားပေးခဲ့ပြီး
“ အလွမ်း” ပြေအောင်ဖြေနည်းကိုတော့
သင်ကြားမပေးခဲ့တဲ့ …. ချစ်တဲ့သူရေ
အခု ….ကိုတစ်ယောက်တည်း
ဆင်ကန်းတောတိုး ရင်ခုံသံတွေနဲ့
“ အလွမ်း ” ဆိုတာကြီးက နှိပ်စက်လို့
ဒီ“ အလွမ်း ” ဆိုတဲ့ ကွန်ဂယက်ထဲမှာ
လမ်းပျောက်နေလေရဲ့ …ချစ်သူ
“ နာကျင်မှု ” ဆိုတာ ဒဏ်ရာအကြီးအသေးနဲ့မဆိုင်ပါဘူးနော်
“ ခံစားမှု” ဆိုတဲ့ ကို့နှလုံးသားတစ်ခုလုံး
ပုံအောထားပြီး ချစ်ခဲ့လို့
ခုတော့ ….. ကို့နှလုံးသားလေး
ဒဏ်ရာနဲ့မမျှအောင် အချိန်ရှိတိုင်း
ဒီ“ အလွမ်း ” …ဒီ “ အလွမ်း ” ပဲပေါ့ ….ချစ်သူရယ်
ချစ်သူနဲ့တွေ့ဖြစ်တဲ့နေ့ကျရင်တော့
ချစ်ပေးခဲ့တဲ့ “ အလွမ်း ” တွေကိုဖြေဖို့
“ဖြေဆေး” လေးတော့ ပေးခဲ့ပါ …ချစ်သူ ..
ဖြေဆေးကတော့ ……
နာကျင်တဲ့ “ အလွမ်း” တွေကို …ကြင်နာတဲ့
ချစ်သူရဲ့ ..“ အနမ်း” ပေါ့ ….ချစ်သူရယ် ….
Comment #7
ဖြေဆေးကတော့ ……
နာကျင်တဲ့ “ အလွမ်း” တွေကို …ကြင်နာတဲ့
ချစ်သူရဲ့ ..“ အနမ်း” ပေါ့ ….ချစ်သူရယ် …
လူဆိုး..အဲဒီနည်းအကောင်းဆုံးပဲ..
Comment #9
a me lay.
pa loak toat.
ha..ha..
Comment #11
he,,he,,
Comment #13
d phyaay say le ma soe bu,,
kwi,,kwi,,
Comment #14
😛
😛
😛
😛
😛
Comment #15
😛
😛
Comment #16
Big smile
Comment #17
Yeah,,,
Comment #18
🙂
Comment #1
လူဆိုးကတော့ လုပ်ပြန်ပြီဟေ့..။ ကောင်းတယ် ဆက်လုပ်ထား….။