မန္တလေးဘွဲ့
လာမေလိုက်ခဲ့တော့
ငယ်ကြိုက်ကယ်ကျင်ဆွေ
တို့မန်းမြေမှာ
ကန်တော်ရေ ချိုချိုသောက်ပါလို့
ဘေးပျောက်လို့ရန်ကွာ
သာယာထူးတဲ့ မြို့ပလေး။
တချောင်းရွှေငယ်
လောင်းလှေရယ်မှ ကူးလို့
ဗုံတညံညံ စုန်ကာဆန်
ပြန်ကာ ပို့လို့
တို့ကခင်မေ
ယာဉ်တဆွေရယ် မြင်စေပြီးမှ
လှလှရွှန်းရွှန်း ကွမ်းသီးပန်းကို
ကမ်းစေသမှု ဝက်မြေဥနှင့်
နန်းသူ့ သက်လှယ်
လက်ဆောင်တော် ပေးရန်ဖို့
ခင်လေးမောင် ဝယ်ခဲ့မယ်
မဟာနွယ် သမုသိန်ရယ်
ရေမြစ်တိမ် ဟိုသောင်စဆီသို့
စခန်းတော် မောင်မယ်ချပါလို့
တောပုရှင် စိန္တေယျကို
ဖူးရမယ်လေး။ ။
(လွမ်းချင်း) အမည်မသိရှေးစာဆို
(မြန်မာဟန်ကဗျာ များကို ဖတ်ရှုနိုင်စေရန်ရည်ရွယ်တင်ပြပါသည်။)
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ရှေးကဗျာတွေကိုခုလိုဖတ်ခွင့်ရတဲ့အတွက် …
ကျေးဇူးတင်ပါတယ်အကို …. 🙂