မဝေးတဲ့ …. တစ်နေ့ ( လူဆိုး )
စပယ်တစ်ပွင့်လိုဖြူစင်တဲ့ …. ချစ်သူရေ
ဒီမှာတော့မိုးဖွဲလေးတွေ တစ်ဖျောက်ဖျောက်နဲ့ပေါ့
ပြီးရင် …. ချမ်းအေးတဲ့ဆောင်းရာသီနဲ့အတူ
နှင်းလေးတွေ တစ်ဖွဲဖွဲ ကျလာလိမ့်မယ်
ချစ်သူရဲ့ အနားမှာ ကိုမရှိတော့
အားငယ်နေမှာ စိုးရိမ်တယ် …ချစ်သူ
ဒါပေမဲ့ … ချစ်သူရေ
နှလုံးသားကိုရင်းပြီး ချစ်လို့
လွမ်းနေရတဲ့ “ အလွမ်း ” တွေ
အနောက်တောင်မုတ်သုံလေရဲ့
တိုက်ခတ်လာတဲ့ လေခပ်ပြင်းပြင်းလေးတွေ
အဲဒါတွေ အားလုံးနှင့်အတူ
“ အလွမ်းပြေ ” အဖြစ် အနမ်းလေးတွေ
လက်ဆောင်ထည့်ပေးလိုက်မယ်နော် ….. ချစ်သူ
အမြတ်တနှိုးနဲ့ရှု
အမှတ်တရလေးသိမ်းထားနော် … ချစ်သူ
ချစ်သူရဲ့အနားမှာ ကိုမရှိပေမဲ့
ကို့နှလုံးသား တစ်ချက်ခုန်တိုင်းမှာ
ချစ်သူကို သိရနေပါတယ် ..
အဝေးတစ်နေရာရောက်နေပေမဲ့
လေပြေတွေရဲ့သယ်ဆောင်မှုနဲ့အတူ
ကို့ရဲ့ ကိုယ်သင်းရနံ့လေးကို ရှုရှိုက်နှိုင်ပါစေ …ချစ်သူ
ကျေးငှက်ကလေးတွေသီဆိုတဲ့ အချစ်သီချင်းနဲ့အတူ
ချစ်သူရဲ့ဘဝလေး သာယာပျော်ရွှင်ပါစေ …
ပန်းတို့ရဲ့ ဂုဏ်သတင်းနဲ့အတူ
ချစ်သူရဲ့သတင်းတွေအမြဲတမ်းမွှေးပျံ့ပါစေ …
လမင်းရဲ့ ဖြူစင်မှုနဲ့အတူ
ချစ်သူရဲ့ ဘဝလေး ဖြူစင်ပါစေ ….
စမ်းချောင်းက စမ်းရေပမာ
ချစ်သူရဲ့ ဘဝလေး အေးချမ်းပါစေ …… လို့
အဝေးတစ်နေရာကနေ .. ဆုတောင်းရင်း
“ ကြိုလင့်ပါတော့ … ချစ်တဲ့သူ
မဝေးတဲ့တစ်နေ့ ကို့ရဲ့အချစ်တွေ
ရင်ဝယ်ပိုက်လို့ …ချစ်သူရဲ့ရှေ့မှောက်
အခစားဝင်ရောက်ပါ့မယ် ”…. ချစ်တဲ့သူ …။။။။။
Comment #7
nice.
remember everytime.
Comment #9
အင်း ..လူဆိုး ..ဒီကဗျာကမှရင်ထဲကိုထိတာ ..
Comment #11
inn,,,,
hote par de lay.
ma way de ta nae pop.
Comment #13
နှလုံးသားကိုရင်းပြီး ချစ်လို့
လွမ်းနေရတဲ့ “ အလွမ်း ” တွေ
အနောက်တောင်မုတ်သုံလေရဲ့
တိုက်ခတ်လာတဲ့ လေခပ်ပြင်းပြင်းလေးတွေ
အဲဒါတွေ အားလုံးနှင့်အတူ
“ အလွမ်းပြေ ” အဖြစ် အနမ်းလေးတွေ
လက်ဆောင်ထည့်ပေးလိုက်မယ်နော် ….. ချစ်သူ
Comment #14
Mi@ssssss@
Comment #15
Read & feel again
Comment #1
ဒါပေမဲ့ … ချစ်သူရေ
နှလုံးသားကိုရင်းပြီး ချစ်လို့
လွမ်းနေရတဲ့ “ အလွမ်း ” တွေ
အနောက်တောင်မုတ်သုံလေရဲ့
တိုက်ခတ်လာတဲ့ လေခပ်ပြင်းပြင်းလေးတွေ
အဲဒါတွေ အားလုံးနှင့်အတူ
“ အလွမ်းပြေ ” အဖြစ် အနမ်းလေးတွေ
လက်ဆောင်ထည့်ပေးလိုက်မယ်နော် ….. ချစ်သူ