လမ်းခွဲ
အဲဒါနဲ့ပဲ
ညှိမရခဲ့တာအတွက်
ဇာတ်သိမ်းမှာအဖျားရှူးခဲ့တယ်…
တကယ်တော့
တိုက်ဆိုင်မှုများစွာထဲက
နှလုံးသား စည်းဝါးမကိုက်တာဘဲရှိတာပါ…
အစွမ်းကုန် ကြိုးစားပြီးမှ
မရခဲ့တဲ့ နားလည်ခြင်းများ
လွန်လေပြီးသော အတိတ်ချိုချိုမျာအားလုံး
တောင်ကတုံးတစ်ခုမှာ
ဖောက်ခွဲလွှင့်ပစ်ခဲ့ပါ…
ကျန်ရစ်သော
တမြေ့မြေ့ဘက်မှာ
ရာသီနဲ့အတူရွာ
မိုးဆိုတာလဲ
အသည်းကွဲ မှတ်တမ်းတစ်ပုဒ်ပေါ့….
နောက်လူအတွက်
သူ့ရဲ့ရင်ဘတ် နေရာဆံ့တယ်ဆိုရင်
မမြင်ရဲစရာလည်း
အကြောင်းမရှိပါဘူး…
ကြွေရွက်တို့နဲ့အတူ လွမ်းရင်း
ပြောင်းလဲခြင်းကို စောင့်
ကံမှောင့်တယ်ဆိုတာ
ခရမ်းပြာ ကျိန်စာတချပ်ပေါ့…
မရှိလဲ ရပါတယ်
ရာဇ၀င်ကို ကုတ်ကပ်ရေး
အာဃာတတွေဘေးမှာ
နေရာလွတ်သွားတာကလွဲရင်ပေါ့လေ…
နောင်တမရကြေးလို့ဆိုရင်
ရယ်ချင်မိလိမ့်မယ်ကွဲ့..
ငါ့ရဲ့ အချစ်ဆုံးဟာ
အီကွေတာထက် ပိုလေးနက်တယ်လေ…
ကိုယ့် ရေစီးကြောင်းနဲ့ကိုယ်
လိုသလို မျောလိုက်ပါ
ပြန်လာခွင့် ဆိုတာ
နောက်ဆုံးမှာ လာမယ့်
ရယ်သံတခုနဲ့ပဲဆိုင်တာပါ….
Comment #2
နောက်ဆုံးအပိုဒ်လေးက မိုက်တယ်.
Comment #3
အစွမ်းကုန် ကြိုးစားပြီးမှ
မရခဲ့တဲ့ နားလည်ခြင်းများ
လွန်လေပြီးသော အတိတ်ချိုချိုမျာအားလုံး
တောင်ကတုံးတစ်ခုမှာ
ဖောက်ခွဲလွှင့်ပစ်ခဲ့ပါ…
Comment #4
ကြွေရွက်တို့နဲ့အတူ လွမ်းရင်း
ပြောင်းလဲခြင်းကို စောင့်
ကံမှောင့်တယ်ဆိုတာ
ခရမ်းပြာ ကျိန်စာတချပ်ပေါ့…
“ဒီအပိုဒ်လေးကိုကြိုက်တယ်”
Comment #1
ကိုယ့် ရေစီးကြောင်းနဲ့ကိုယ်
လိုသလို မျောလိုက်ပါ
ပြန်လာခွင့် ဆိုတာ
နောက်ဆုံးမှာ လာမယ့်
ရယ်သံတခုနဲ့ပဲဆိုင်တာပါ….
တပုဒ်လုံးကိုကြိုက်တယ်