သူယောင်မယ်… – နရီထက်
အဆောင်အယောင်တွေနှင့်
အယောင်အဆောင်တွေက များလိုက်တာ
နေပူပူမှာလည်း မိုးပြေးလေးတွေက ရွာချလိုက်တော့
နှင်းဖွဲဖွဲလေးတွေကို တောင်းဆိုချင်နေတာ
ကောင်းကင်က ခုနစ်လွှာသက်တန့်ကို
နံနက်ခင်းတိုင်း ခင်းကျင်းပြမထားဘူး
သူ့အလှတွေ ပျက်သုဉ်းမှာစိုးလို့
စိုးထိတ်နေကြတာ..
သံမဏိခေါင်းစွပ်နှင့် သံလက်ရှည်တွေ
ပုံသွင်းလောင်းထားပေမဲ့
ငါ့ပါးစပ်တွေက အဆိပ်ပန်းတွေကို
စားသုံးနေကြပါ
တစ်ခါတစ်ခါ ဘ၀က ခါးသလိုပဲ
ခွင့်လွတ်လိုက်ရတဲ့ အချိန်တွေက
မမှီလိုက်တဲ့ မြန်နှုန်းရထားလိုပဲ
စာနာစိတ်မရှိကြဘူး
သွေးလက်စတွေနှင့် ဆူးပန်းတွေရယ်
မြေနီလမ်းမတွေက
ကြမ်းတမ်းသလိုပဲ
ကန္တာရထဲက အိုအေစစ်က
အေးမြမလိုနှင့်
ရေဆာအမောပြေသက်သက်ပါ
ရွှေထီးဆောင်းချင်ပေမဲ့
နေပူမခံနိုင်တဲ့အခါ အရိပ်တွေခိုခဲ့ကြတယ်
ငွေတွင်းနက်ပေမဲ့
စက္ကူတွေက ပိုက်ဆံတွေ ဖြစ်သွားတယ်
အိမ်ပေါက်ဝက ဆီကြိုနေကျ ရယ်သံတွေက
တစ်ခါတစ်ခါ ခြောက်ကပ်သွားတာ မဆန်းပါဘူးလေး
အသိတစ်ဝက်မှာလည်း သူဌေးကြီးဖြစ်ချင်တယ်
နိုးတစ်ဝက်မှာတော့ ဒီအတိုင်းကြီးပဲ
လက်တွေ့အကောင်အထည်ဖော်ရင် ရှေ့တိုးသွားမှာပါတဲ့
ကံတရားကို လက်ညှိုးထိုးရောင်းစားမယ့်သူ မရှိဘူး ထင်တယ်
တိမ်ဖုံးတဲ့လ ကြည့်မကောင်းပေမဲ့
လမှောင်မိုက်ညက အသာဆုံးပဲ သိလား
တစ်ခါတစ်ခါ ရမယ်ရှာချင်တော့
လပြည့်ညတွေမှာ…
ဖိုးလမင်းဆီ ထမင်းဆီဆမ်း ရွှေလင်ပန်း
တောင်းခဲ့ကြတယ် မဟုတ်လား…။ ။
နရီထက်
( ၂၅ ၊ ဂျူလိုင်လ ၊ ၂၀၁၁ )
Comment #5
ကောင်းကင်က ခုနစ်လွှာသက်တန့်ကို
နံနက်ခင်းတိုင်း ခင်းကျင်းပြမထားဘူး
သူ့အလှတွေ ပျက်သုဉ်းမှာစိုးလို့
စိုးထိတ်နေကြတာ..;ဒိအပှဒ်လေးကြိုက်တယ် ဘာလို့ လဲဆိုတော လူတိုင်းက သူအလှနဲ့ သူပညာတွေ ကိုဘယ်တော့မှ အမြဲ မဖော်ပြဘူး။ပြည့်  တဲ့အိုးက ဘောင်မခတ်ဘူးလေ၊ဘာလို့ လဲဆိုတော့ သူအိုးတဲ့ထဲ ရေတွေဖိတ်ကုန်မှာဆိုးလို့ လေ။အဲ့ဒါလေးကိုဖော်ကျုး ရေးထားတာ ကောင်းတယ် သွေးလက်စတွေနှင့် ဆူးပန်းတွေရယ်
မြေနီလမ်းမတွေက
ကြမ်းတမ်းသလိုပဲ
ကန္တာရထဲက အိုအေစစ်က
အေးမြမလိုနှင့်
ရေဆာအမောပြေသက်သက်ပါ
ရွှေထီးဆောင်းချင်ပေမဲ့
နေပူမခံနိုင်တဲ့အခါ အရိပ်တွေခိုခဲ့ကြတယ်
ငွေတွင်းနက်ပေမဲ့
စက္ကူတွေက ပိုက်ဆံတွေ ဖြစ်သွားတယ်
အိမ်ပေါက်ဝက ဆီကြိုနေကျ ရယ်သံတွေက
တစ်ခါတစ်ခါ ခြောက်ကပ်သွားတာ မဆန်းပါဘူးလေး
အသိတစ်ဝက်မှာလည်း သူဌေးကြီးဖြစ်ချင်တယ်
နိုးတစ်ဝက်မှာတော့ ဒီအတိုင်းကြီးပဲ
လက်တွေ့အကောင်အထည်ဖော်ရင် ရှေ့တိုးသွားမှာပါတဲ့
ကံတရားကို လက်ညှိုးထိုးရောင်းစားမယ့်သူ မရှိဘူး ထင်တယ်
တိမ်ဖုံးတဲ့လ ကြည့်မကောင်းပေမဲ့
လမှောင်မိုက်ညက အသာဆုံးပဲ သိလား
တစ်ခါတစ်ခါ ရမယ်ရှာချင်တော့
လပြည့်ညတွေမှာ…
ဖိုးလမင်းဆီ ထမင်းဆီဆမ်း ရွှေလင်ပန်း
တောင်းခဲ့ကြတယ် မဟုတ်လား…တဲ့ အဲ့ စားသားလေးတွေ က ဖတ်ရတာ အနှစ်သာရရှိတယ် ။စားသားတွေထက် စိတ်ကူးတွေက ပိုလိုကောင်းတယ် ဒိကဗျာ က ၊ ပွင့်ပွင့်လင်းလင်း ဝေဖန်တာပါ ကိုကြိး ဖတ်လို့ တော်တော်ကောင်းတယ် .
Comment #6
အရမ်းကိုကောင်းတယ်အကိုကြီး..တစ်ပုဒ်လုံးကောင်းတယ်..အရမ်းကိုတော်တယ်အကိုကြီး.
အားပေးသွားတယ်
Comment #7
အားပေးဖတ်ရှုကြတဲ့ ကဗျာ့ချစ်သူ ညီအစ်ကိုမောင်နှမများ အားလုံးများကို ကျေးဇူးအထူးတင်ရှိသည်။
Comment #1
အဆောင်အယောင်တွေနှင့်
အယောင်အဆောင်တွေက များလိုက်တာ
နေပူပူမှာလည်း မိုးပြေးလေးတွေက ရွာချလိုက်တော့
နှင်းဖွဲဖွဲလေးတွေကို တောင်းဆိုချင်နေတာ
ကောင်းကင်က ခုနစ်လွှာသက်တန့်ကို
နံနက်ခင်းတိုင်း ခင်းကျင်းပြမထားဘူး
သူ့အလှတွေ ပျက်သုဉ်းမှာစိုးလို့
စိုးထိတ်နေကြတာ..
သံမဏိခေါင်းစွပ်နှင့် သံလက်ရှည်တွေ
ပုံသွင်းလောင်းထားပေမဲ့
ငါ့ပါးစပ်တွေက အဆိပ်ပန်းတွေကို
စားသုံးနေကြပါ
တစ်ခါတစ်ခါ ဘ၀က ခါးသလိုပဲ
ခွင့်လွတ်လိုက်ရတဲ့ အချိန်တွေက
မမှီလိုက်တဲ့ မြန်နှုန်းရထားလိုပဲ
စာနာစိတ်မရှိကြဘူး
သွေးလက်စတွေနှင့် ဆူးပန်းတွေရယ်
မြေနီလမ်းမတွေက
ကြမ်းတမ်းသလိုပဲ
ကန္တာရထဲက အိုအေစစ်က
အေးမြမလိုနှင့်
ရေဆာအမောပြေသက်သက်ပါ
ရွှေထီးဆောင်းချင်ပေမဲ့
နေပူမခံနိုင်တဲ့အခါ အရိပ်တွေခိုခဲ့ကြတယ်
ငွေတွင်းနက်ပေမဲ့
စက္ကူတွေက ပိုက်ဆံတွေ ဖြစ်သွားတယ်
အိမ်ပေါက်ဝက ဆီကြိုနေကျ ရယ်သံတွေက
တစ်ခါတစ်ခါ ခြောက်ကပ်သွားတာ မဆန်းပါဘူးလေး
အသိတစ်ဝက်မှာလည်း သူဌေးကြီးဖြစ်ချင်တယ်
နိုးတစ်ဝက်မှာတော့ ဒီအတိုင်းကြီးပဲ
လက်တွေ့အကောင်အထည်ဖော်ရင် ရှေ့တိုးသွားမှာပါတဲ့
ကံတရားကို လက်ညှိုးထိုးရောင်းစားမယ့်သူ မရှိဘူး ထင်တယ်
တိမ်ဖုံးတဲ့လ ကြည့်မကောင်းပေမဲ့
လမှောင်မိုက်ညက အသာဆုံးပဲ သိလား
တစ်ခါတစ်ခါ ရမယ်ရှာချင်တော့
လပြည့်ညတွေမှာ…
ဖိုးလမင်းဆီ ထမင်းဆီဆမ်း ရွှေလင်ပန်း
တောင်းခဲ့ကြတယ် မဟုတ်လား…။ ။
အစကနေ အဆုံးအထိ ကြိုက်တယ် ကိုနရီထက်….။