ပန်းတိုင်တစ်ခုအတွက် နိဒန်း
ဆန့်ကျင်တဲ့ လက္ခဏာတွေပဲ
ကြီးစိုးနေခဲ့တဲ့ ဘဝစာမျက်နှာတစ်ခုကို
လူတွေလမ်းလျှောက်နေတဲ့ စားပွဲပေါ်မှာ
သေချာဖြန့်ပြီး ချပေးလိုက်တယ်..။
ကောင်းကင်က တိမ်တွေလောက်တော့
ဘယ်သူကမှ နေပူဒဏ်ကို ပိုမခံခဲ့ရပါဘူး…
အရာရာတို့ရဲ့ အောင်မြင်ခြင်းက
အရည်အချင်းက စ တယ်တဲ့လေ…။
မလှပတဲ့ အနာဂတ်ထဲကို
အမဲရောင်ခြယ်ရမှာကြောက်တယ်..။
ပင်လယ်ထက်ကြယ်တာ သမုဒ္ဒရာပြောမယ့်အစား
စင်္ကြာဝဠာလို့ ပြောလိုက်ကြပါလား..။
ဘောလုံးသမားတွေထက်လိမ်တာ
လူလိမ်တွေဆိုရင်
လူလိမ်တွေထက်လိမ်တာ
လူလည်တွေဆိုမမှားလောက်ဘူးပေါ့…။
တိုင်းတာဖို့အတွက် ပေတံတွေရှိတယ်ဆိုတော့
ကျွန်တော့်ရဲ့ အရည်အချင်းကရော
အဘယ်မျှ ရှည်သနည်း..?
အဘယ်မျှ ထူသနည်း…?
အဘယ်မျှ ကျယ်သနည်း..?
အဘယ်မျှ မြင့်ပါသနည်း…?။
ဥာဏ်နည်းတဲ့ ပညာရှင်တွေရယ်
အလွယ်ပဲ တွေးခဲ့ကြပါရောလား..။
ကောက်ချက်ချတယ်ဆိုတာ
လိုအပ်တဲ့အရာမဟုတ်ဘူး…။
နေတစ်စင်းဟာ…
သူ ပူနိုင်သလောက်သာပူတာပါ..။
အဲဒီထက်သေချာတာက.
ခင်ဗျားတို့နားတွေက ကြားနိုင်သလောက်ပဲကြားသလို
မျက်စေ့တွေကလည်း မြင်နိုင်သလောက်သာ မြင်တာပါ..။
လူတွေရဲ့ အတ္တတွေကို ဘယ်သူများမြင်နိုင်ပါ့မလဲ….။
(ခင်ဗျားတို့ မမြင်နိုင်တာတွေတော်တော်ရှိပါသေးတယ်)
ဇာတ်ခုံပေါ်က ကကွက်တွေအတွက်
ကန့်လန့်ကာရဲ့ တစ်ဖက်ခြမ်းမှာ
လျှိုဝှက်ချက်တွေရှိရတယ်…။
လက်ထောင်ပြလိုက်တိုင်းဟာ
အချက်ပေးတာမဟုတ်ဘူး…၊
အခွင့်ကို လိုပြီဆိုမှတော့
အခါကိုစောင့်ဖို့သင့်ပါတယ်….။
မိုးပြိုမှာကို မမျှော်သလို
မိုးပြိုတာကိုလည်းမကြောက်ပါဘူး…၊
ဥပေက္ခာတွေ ပြေးလာရင်တောင်
မေတ္တာတွေနဲ့ပဲ ပစ်ပေါက်ခဲ့တဲ့ကောင်..၊
လောကကို ဘောင်မခတ်တတ်ပေမယ့်
သဘာဝနဲ့ နိယာမကိုတော့ သိပါတယ်..၊
ငါ့ဘဝကို ချနင်းချင်တယ် ဆိုရင်တောင်
အဆင်သင့် ခြေထောက်အောက်
လိုက်ဝင်ပေးလိုက်မယ်..၊
မျှော်လင့်နေတဲ့ အရာအတွက်တော့
ခေါင်းမော့လို့ ဆက်လျှောက်နေဆဲပေါ့……။
Comment #4
Nice !!!!!!!
Comment #5
အားပေးသွားပါသှ်..
Comment #8
မိုက်တဲ့နေရာတွေက အရမ်း များလွန်းနေလို့ ဖတ်လို့ေ တာင် မ၀ ဘူး ဖြစ်နေတယ်အဟဲဟဲ
Comment #10
အမ အားပေးခဲ့တရ်နော် မောင်လေး..
Comment #12
ဟုတ်တယ် မင်းနိဒါန်းလေးတော်တော်ကောင်းတယ်….။
Comment #13
အစဆုံး ပိုဒ် ကူးသွား၏ ။။ ။။။း)))))
Comment #1
ခင်ဗျားရဲ့နိဒါန်းလေးကောင်းလွန်းတယ်ဗျာ……