လိုင်းကားပေါ်ကနှလုံးသား
ဆုံမိသွားတဲ့မျက်ဝန်းရဲ့နောက်
လှပတဲ့နှုတ်ခမ်းလေးရယ်
ဘယ်ဘက်မှာရှိတဲ့မှဲ့နက်လေးက
နောက်ပြောင်ကာလှဲ့စားနေတယ်
နှုတ်ခမ်းထက်ကမှဲ့လေးရယ်…
တဖြောင့်ထဲရှိတဲ့မင်းဆံနွယ်ကို
ကြိုးစီးကာအဖျားလေးကောက်ထားပုံက
မောင့်ရင်ကိုနွေးစေခဲ့တယ်…
လူမရှိတဲ့နေရာတခုကိုမင်းအတွက်
မောင်ဖယ်ပေးခဲ့တော့
စွဲမက်ဖွယ်မြတ်နိုးတဲ့နှုတ်ခမ်းလေးက
လှုပ်ခက်ခါသွားလိုက်ပုံက
”ကျေးဇူးပါပဲ”တဲ့…
တကိုယ်လုံးဖြူဝင်းလို့
ခရမ်းရောင်ဝတ်ဆုံကိုဝတ်လို့
မင်းအလှကိုမောင်ငေးနေခိုက်
”အကိုရေဆင်းမဲ့မှတ်တိုင်ရောက်ပြီ”
သေလိုက်ပါတော့ကွာ
ငါ့နှလုံးသားလေးကတော့
”၁၇၇ ပါရမီ”ကားပေါ်မှာပါသွားပြီ…
တနေတော့မင်းနဲ့ထက်တွေပါရစေကောင်မလေးရယ်နော်
ငါချစ်သွားလို့ပါကွာ
Comment #2
တဖြောင့်ထဲရှိတဲ့မင်းဆံနွယ်ကို
ကြိုးစီးကာအဖျားလေးကောက်ထားပုံက
မောင့်ရင်ကိုနွေးစေခဲ့တယ်…
လူမရှိတဲ့နေရာတခုကိုမင်းအတွက်
Comment #4
ဖူးစာမှန်ရင် ပြန်ဆုံမှာပါဗျာ မပူပါနဲ့ ။ မသိပေမယ့် အားပေးသွားပါတယ် ။
Comment #6
he,,he,,
pyaw sa yar g nay hmar pe.
taw taw yin khone twar lar?
ti chin loh par…
Comment #1
ပြန်ဆုံပါစေ……….