ဖိနပ်ပါးလေး – နရီထက်
ရှပ်တိုက် စီးခဲ့တယ်
မာနတွေနှင့် လုံးပတ်ချာလည်လို့
ပါးပါးလေးရယ်….
သဲကြိုးတွေက မပြတ်သေးကွယ်…
အင်း….
ဆွေးမြေးလှပေါ့
သဲကြိုးတစ်ဖက်ရယ် …
ပြတ်ခဲ့ပြီးကွယ်
လူပုံတွေလယ်…
အရှက်ခွဲမခံ…
သဲကြိုးချိတ်ဆွဲ
ပြန်စီးခဲ့တယ်
မာနတွေက အောက်မကျသေးရယ်…
ဒင်း…
ဝယ်စတုန်းက အထူးခိုင်ခံ့
ရာသက်ပန်တဲ့လား…
အခုနေများတော့…
မာနတွေက ရိသဲသဲကွယ်
အရောင်ထွက်စေချင်လို့…
ဖုံတိုက်ခဲ့တယ်
တစ်ကျပ်တန် မာနတွေက
တစ်ချက်တစ်ချက် …
ရှပ်စီးနေတုန်းကွယ်..
စင်တင်ခံချင်တဲ့ မာနတွေက
ဝယ်ဈေးပေးပြီး
ချစီးနေကြတယ် မဟုတ်လား…။ ။
နရီထက်
( ၀၈ ၊ သြဂုတ်လ ၊ ၂၀၁၁ )
Comment #3
ကောင်းတယ်ဗျ…အားပေးသွားပါတယ်။
Comment #4
ကောားတယ် အကိုရေ မာန ကို ဖိနမ်နဲ့နှိုင်းဆိုရေးထာတာ တော်တော်ကြိုက်တယ်နော်…..အရှက်ခွဲမခံ…
သဲကြိုးချိတ်ဆွဲ
ပြန်စီးခဲ့တယ်
မာနတွေက အောက်မကျသေးရယ်…
ဒင်း…
ဝယ်စတုန်းက အထူးခိုင်ခံ့
ရာသက်ပန်တဲ့လား…
အခုနေများတော့…
မာနတွေက ရိသဲသဲကွယ်
အရောင်ထွက်စေချင်လို့…
ဖုံတိုက်ခဲ့တယ်
တစ်ကျပ်တန် မာနတွေက
တစ်ချက်တစ်ချက် …
ရှပ်စီးနေတုန်းကွယ်..ဒိအပှဒ်လေးတွေကိုကြိုက်တယ်။
Comment #6
nice.
Comment #7
ရှပ်တိုက် စီးခဲ့တယ်
မာနတွေနှင့် လုံးပတ်ချာလည်လို့
ပါးပါးလေးရယ်….
သဲကြိုးတွေက မပြတ်သေးကွယ်…
အင်း….
ဆွေးမြေးလှပေါ့
သဲကြိုးတစ်ဖက်ရယ် …
ပြတ်ခဲ့ပြီးကွယ်
လူပုံတွေလယ်…
အရှက်ခွဲမခံ…
သဲကြိုးချိတ်ဆွဲ
ပြန်စီးခဲ့တယ်
မာနတွေက အောက်မကျသေးရယ်…
..ကိုနရီထက်..ကောင်းတယ်ဗျာ..အားပေးသွားတယ်
Comment #8
ကဗျာ တော်တော်ရေးတတ်တာဘဲ တစ်ပုဒ်လုံး အနှစ်တွေဘဲ ဖတ်ရှုအားပေးသွားပါတယ် ။
Comment #9
ဒင်း…
ဝယ်စတုန်းက အထူးခိုင်ခံ့
ရာသက်ပန်တဲ့လား…
အခုနေများတော့…
မာနတွေက ရိသဲသဲကွယ်…
မှန်လိုက်တာဗျာ၊ထူပီးခိုင်ခံ့မယ်ထင်ခဲ့တာ
ခုတော့ရိသဲ့သဲ့ရယ်ပါ
အားပေးသွားပါတယ်ခင်ဗျ။
Comment #1
ကောင်းတယ် အကိုရေ