ဘ၀အမော
သားလေးငယ်ငယ်
လသားအရွယ်မှာ
ငါ့သားကြီးရင်
ပညာသင်ဖို့
ုခုကတည်းက
ကြိုတင်စုမှ
တော်ကာကျမယ်
ိစိတ်ရည်ရွယ်လျက်
ခြစ်ချူပ်ချွေတာ
ချွေးနှဲစာဖြင့်
ရှာဖွေစုကာ
နှစ်တွေကြာလည်း
မောရကာင်းမှန်းမသိခဲ့ပါ။
ကျောင်းထားသည့်အရွယ်
အတန်းငယ်မှာ
ချက်ပြုတ်ဖွတ်လျှော်
မအားသော်လည်း
သားလေးစာတွေ
ကျေညက်စေရန်
စိတ်ရည်သန်လျှက်
မပျက်ညစဉ်
သားကိုစာသင်ခဲ့ရတယ်။
တဖြည်းဖြည်းနဲ
သားလေးကြီးလာ
ဆယ်တန်းမှာတော့
ကျူုရှင်ပေါင်းစုံ
ငွေကုန်ခံပြီ့း
အားကုန်မောင်းကာ
ကြိုးစားရှာတော့
ဂုဏ်ထူးတွေနဲ့အောင်တာပေါ့၊
ဆယ်တန်းအောင်ပြီး
ရေကြောင်းတက္ကသိုလ်
ရောက်တယ်ဆိုတော့
နှလုံးပီတိ
ဂွမ်းဆီထိပြီး
မျက်ရည်များတောင်လည်မိတယ်။
တကယ်တော့လည်း
ဘ၀ဆိုတာ
ပျော်စရာနဲ့
ဝမ်းနဲစရာ
မခွဲခွါဘဲ
ယှဉ်တွဲနေတာ
နိယာမဘဲထင်ပါရဲ့။
ငါ့ရင်မောပြီး
သောကပွားစရာ
ဖြစ်လာတာက
တက္ကသို်လ်ကျောင်းသား
ငါ့ချစ်သားက
ကျောင်းမှာရွှင်ပျော်
လမ်းလွဲချော်လျှက်
နှစ်နှစ်တစ်တန်း
ပုံမှန်လှမ်းပြီး
မြန်းကြွနေတာ
နှစ်တွေကြာတော့
ခုတော့  ငါ့ မှာ မောလိုက်တာ…..။ ။(ခင်စန်းရီ)