ညပန်းတစ္ဆေ – နရီထက်
လေအလာ ရွှေမြကြာယံမှာ
အိပ်စက်နေတာလား
မဟုတ်သေးဘူးကွဲ့
ရွှေပြည်ကြီးကို လှမ်းဆက်နေတုန်းရယ်
အရိပ်တွေ ကွယ်ပျောက်သွားမှာလား
သတိမေ့နေတုန်းတစ်ချက်မှာ
ဖြတ်ခနဲ ပြန်ပေါ်လာသေးတယ်
ဝေါ..ကနဲ လေတိုးအဝှေ့
အိပ်ပျော်နေတဲ့ လိပ်ပြာငယ်
အသက်ငယ် လုံအောင် ဆွဲဖမ်းထားရသေးတယ်
ငါ့နောက်မှာ ဘယ်သူလဲကွယ်
မွှေးမြရုံနဲ့ လန်းဆန်းစေသလား
အကြည်စိတ်တွေက မွှေနှောက်လို့ရယ်
နှောင့်ယှက်နေတဲ့ အသိစိတ်တွေက
ညတန်ခိုးမှာ ပန်းတစ္တေတွေများ မွေးဖွားလေသလား
တစ်ခါတစ်ခါ ငါ့ခြေလှမ်းတွေက
ရပ်ဆိုင်းနေချင်သေးရဲ့…
ရှေ့တိုးချင်တဲ့စိတ်တွေက လေးလံနေတုန်းပဲလား
နောက်လှည့်ကြည့်ချင်တဲ့ မျက်ဝန်းက
စောဒက တက်ချင်နေတုန်းရယ်…
ခူးဆွတ်ဖို့ နေနေသာသာ
လှမ်းကြည့်ရုံနဲ့ ဖျားလောက်ရဲ့
နမ်းရှိုက်ဖို့ ရေရေသာသာ
အနားတိုးခွင့် ရုတ်သိမ်းချင်ကွဲ့
ကြောက်စိတ်တွေက တပ်လှန့်နေတုန်းရယ်
အရိပ်တစ်ခုတည်းနှင့် ရန်သူတွေ ပတ်ချာဝိုင်းနေတယ်
ငါ့အနားက အရိပ်…
မိတ်ဆွေ သတ်မှတ်ဖို့ ဇဝေဇ၀ါ ရယ်
ရန်သူ လို့ အောက်မေ့ဖို့ လက်မခံနိုင်သေးရယ်
အရှေ့မှာ ဘာရှိသေးသလဲကွဲ့….
အနောက်ကို လှည့်ကြည့်နေတာ များလှပါပြီး
ပတ်သက်မှုတွေက မနည်းပါလား
မင်းတို့ ပိုင်နက်ထဲက ညပန်းတစ္ဆေတွေက
ကမ္ဘာကြီးကို ညအဖြစ် ….
အပြီးအပိုင် လွှမ်းမိုးချင်သေးသလားကွဲ့။ ။
နရီထက်
( ၁၃ ၊ သြဂုတ်လ ၊ ၂၀၁၁ )
Comment #3
တစ်ခါတစ်ခါ ငါ့ခြေလှမ်းတွေက
ရပ်ဆိုင်းနေချင်သေးရဲ့…
ရှေ့တိုးချင်တဲ့စိတ်တွေက လေးလံနေတုန်းပဲလား
နောက်လှည့်ကြည့်ချင်တဲ့ မျက်ဝန်းက
စောဒက တက်ချင်နေတုန်းရယ်…
အရမ်းကောင်းတယ်အကိုကြီးရေ…..
Comment #1
အရိပ်တစ်ခုတည်းနှင့် ရန်သူတွေ ပတ်ချာဝိုင်းနေတယ်
ငါ့အနားက အရိပ်…
မိတ်ဆွေ သတ်မှတ်ဖို့ ဇဝေဇ၀ါ ရယ်
ရန်သူ လို့ အောက်မေ့ဖို့ လက်မခံနိုင်သေးရယ်
အရှေ့မှာ ဘာရှိသေးသလဲကွဲ့….
..ကိုနရီထက်….ကြိုက်တယ်ဗျို့..ကဗျာကို…အားပေးသွားပါတယ်